Connect with us

International Organizations

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သမိုင်းဝင် ပဲရစ် သဘောတူညီချက်အား နိုင်ငံများစွာ လက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်

၂၀၁၅ ခုနှစ် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲခြင်း သမိုင်းဝင် သဘောတူညီချက်အား ဧပြီလ ၂၂ ရက်၌ လက်မှတ်ရေးထိုးမည် ဖြစ်ပြီး နိုင်ငံပေါင်းများစွာ ပါဝင် လက်မှတ် ရေးထိုးရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူက ဧပြီလ ၇ ရက်က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၁၃၀ ကျော်က ပဲရစ် သဘောတူညီချက်အား လက်မှတ် ရေးထိုးမည်ဟု အတည်ပြု ပြောကြားထား ကြောင်း လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်က ပြောသည်။

ထိုအရေအတွက်မှာ ၁၉၉၄ ခုနှစ် ဂျာမေကာနိုင်ငံ Montego ပင်လယ်အော်တွင် ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရန် နိုင်ငံတကာ သဘောတူညီချက်အား ပါဝင် လက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံ ၁၁၉ နိုင်ငံထက် ပိုများခဲ့ ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်မည့် အဆိုပါ လက်မှတ် ရေးထိုးပွဲ အခမ်းအနား သို့ နိုင်ငံပေါင်း ၆၀ ကျော်မှ အကြီးအကဲများနှင့် အစိုးရ အဖွဲ့ခေါင်းဆောင်များ တက်ရောက် ကြမည် ဖြစ်သည်။

ထိုသဘော တူညီချက်မှာ အနည်းဆုံး နိုင်ငံပေါင်း ၅၅ နိုင်ငံ ပါဝင်အပြီး ရက်ပေါင်း ၃၀ တွင် အသက်ဝင်လာမည် ဖြစ်ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း လျှော့ချရေး၊ လက်မှတ် ရေးထိုးထားသည့် စာချုပ်စာတမ်း သို့မဟုတ် အထွေထွေ အတွင်း ရေးမှူးချုပ်၏ လက်ခံကြောင်း သဘောတူညီချက် စသည်များအားဖြင့် အာမခံထား ကြောင်း သိရသည်။
ပဲရစ် သဘောတူညီချက်အရ တစ်ကမ္ဘာလုံးတွင် အပူချိန် တိုးမြှင့်မှု စံချိန်အား စက်မှုလုပ်ငန်းဆိုင်ရာ အဆင့်ထက် ပျမ်းမျှ ၂ ဒီဂရီ စင်တီဂရိတ်ထက်မပိုဘဲ ထားရှိပြီး ဖြစ်နိုင်ပါက ၁.၅ ဒီဂရီ စင်တီဂရိတ် အောက်တွင်သာ ထားရှိမည်ဟု ကုလသမဂ္ဂ မူဘောင် သဘော တူညီချက်အရ ပါတီပေါင်း ၁၉၆ ခုက သဘောတူ လက်ခံခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.