Connect with us

International Organizations

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ စီးပွားရေး ၊ လူမှုရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် အရွေးခံရ

ECOSOC ရွေးချယ်ပွဲတွင် ကုလသမဂ္ဂ ဆိုင်ရာ တရုတ်အမြဲတမ်း အထူးကိုယ်စားလှယ် ဒုတိယအကြီးအကဲ Wang Min မဲပေးနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ အေဂျင်စီများ နှင့် ရံပုံငွေ အဖွဲ့များ၏ စီးပွားရေးနှင့် လူမှုလုပ်ငန်းများ အတွက် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) သို့အခြားနိုင်ငံများနှင့် အတူ ဇွန်လ ၁၄ ရက်က ရွေးချယ်ခံရကြောင်း သိရသည်။

အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံများအတွက် ပြုလုပ်သော မဲခွဲ ရွေးချယ်ပွဲတွင် စုစုပေါင်း မဲအရေအတွက် ၁၈၅ မဲတွင် တရုတ်နိုင်ငံသည် ထောက်ခံမဲ ၁၈၂ မဲ ရရှိခဲ့သည်။ ECOSOC အဖွဲ့ဝင်များအဖြစ် အခြား ရွေးချယ်ခြင်းခံရသော နိုင်ငံများမှာ တာဂျစ်ကစ္စတန် ၊ ယူအေအီး နှင့် တောင်ကိုးရီးယား နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ အုပ်စု အသီးသီးတွင် ထောက်ခံမဲ အနည်းဆုံး သုံးပုံနှစ်ပုံရမှသာ အဖွဲ့ဝင်နိုင်ငံအဖြစ် တင်မြှောက်ခြင်း ခံရမည် ဖြစ်သည်။
အခြား အဖွဲ့ဝင်နိုင်ငံများ အဖြစ် အရွေးခံရသော နိုင်ငံများမှာ ဘီနင် ၊ ဘော့စနီးယား ၊ ဗြိတိန် ၊ ကမ်မရွန် ၊ ကိုလံဘီယာ ၊ နော်ဝေ ၊ ရုရှား ၊ ဆွီဒင် နှင့် ဗင်နီဇွဲလား နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ ECOSOC ၏ လုပ်ငန်းတာဝန်များမှာ ကုလသမဂ္ဂ နှင့် အခြား ဆက်စပ်အဖွဲ့အစည်းများ၏ လူမှုရေး ၊ စီးပွားရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားရန် ဖြစ်သည်။ ၎င်းတွင် အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင် သက်တမ်းမှာ ၃ နှစ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.