Connect with us

International Organizations

ဆီးရီးယားတွင် လူများစွာ သေဆုံးခဲ့သည့် ဘုရားကျောင်းအနီး ဗုံးဖောက်ခွဲမှု အပေါ် ဘန်ကီမွန်း ပြစ်တင်ရှုံ့ချ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား အစည်းအဝေး တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့ဆင်ခြေဖုံးရှိ ဘုရားကျောင်း အနီးတွင် အကြမ်းဖက် စစ်သွေးကြွတို့က ဖောက်ခွဲခဲ့သည့် ဗုံးကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူများစွာ သေဆုံးခဲ့ရသည့် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဇွန်လ ၁၁ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုံချခဲ့သည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် Sayidda Zeinab ဘုရားကျောင်းအနီးတွင် ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အား ပြစ်တင် ရှုံ့ချပါကြောင်း ဘန်၏ ပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ခဲ့သည်။
ပြည်တွင်း စောင့်ကြည့်ရေး အုပ်စုများ၏ အစီရင်ခံစာများအရ ထိတ်လန့်ဖွယ် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှု အတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး လူများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ISIL စစ်သွေးကြွအဖွဲ့သည် ဗုံးဖောက်ခွဲမှုအား ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အွန်လိုင်းမှ တစ်ဆင့် ဖော်ပြခဲ့သည်။
အထွေထွေ အတွင်းရေးမှူးချုပ်သည် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဆီးရီးယား အစိုးရအား အဆိုပါဖြစ်ရပ် အတွင်း အထူးဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ဒဏ်ရာ ရရှိသူများလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာ စေရန် ဆုမွန်ကောင်း တောင်းပေးပါကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.