Connect with us

International Organizations

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုလသမဂ္ဂ ဗျူရိုကရေစီယန္တယားတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်ပြော

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ သည် စက်တင်ဘာလ ၁၈ ရက်က ဆွေးနွေးစဉ် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း ဗျူရိုကရေစီယန္တယားကို ပြောင်းလဲမှုတစ်ခုပြုလုပ်သွားရန် ပြောကြားခဲ့ကြောင်းသိရသည်။

နယူးယောက်မြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၏ အဆင့်မြင့် နေရာများ၌ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် ဂူတာရက်စ် နှင့် ထရမ့်တို့က မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ဂူတာရက်စ်က ကုလသမဂ္ဂ အဖွဲ့ကြီးအတွင်း “ ကျိုးပဲ့နေသော တည်ဆောက်ပုံများ” နှင့် “ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ” ကို ပြုပြင်ပြောင်းလဲသွားရန် လိုအပ်ကြောင်း ၊ ကုလသမဂ္ဂအား ပိုမို၍ “ လျင်လျင်မြန်မြန် နှင့် ထိရောက်မှုရှိသော ၊ လိုက်လျောညီထွေပြီး လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်သော” အဖွဲ့အစည်းဖြစ်အောင် လုပ်ဆောင်သွားရမည် ဖြကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂူတာရက်စ်က ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရန် နှင့် ကျယ်ကျယ်ပြန့်ပြန့်ရှေ့ဆက်လုပ်ဆောင်သွားရန် လည်း ထည့်သွင်းပြောကြားခဲ့သည်။

“ ရိုးရှင်းတဲ့လုပ်ထုံးလုပ်နည်းတွေ နဲ့ ဗဟိုဦးစီး စနစ်ဆုံးဖြတ်ချက်ချမှုတွေ လျော့ပါးအောင် ၊ ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် ၊ လွယ်ကူကောင်းမွန်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ပုံစံဖြစ်အောင် ပြုပြင်ပြောင်းလဲရေးကို ကျွန်တော်တို့လုပ်ဆောင်နေပါတယ် ” ဟု ဂူတာရက်စ် ကဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များ နှင့် လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှု ရရှိစေရန် နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ရန် အပါအဝင် ဖွံ့ဖြိုးရေးစနစ်ကို ဆောင်ရွက်သွားရန် လုပ်ဆောင်လျက်ရှိကြောင်း ကုလသမဂ္ဂအကြီးအကဲက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.