Connect with us

International Organizations

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား ကုလသမဂ္ဂ ချီးကျူးပြောကြား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှု လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား ချီးကျူး ပြောကြားလိုက်သလို တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တိုးမြှင့်ထားရာ၌ အရေးတကြီး ပါဝင်သွားရန် တိုက်တွန်းအားပေးလိုက်သည်။

“ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ကတိကဝတ်ပြုမှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ တရုတ်နိုင်ငံက သူ့စီးပွားရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ဂူတာရက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပဲရစ်သဘောတူညီချက်တွင် ပါဝင်သော ကတိကဝတ်များအတိုင်း ယခုရာစုနှစ် အတွင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မည် မဟုတ်ဘဲ စက်မှုလုပ်ငန်းဆိုင်ရာအဆင့် သတ်မှတ်ချက် အထက် နှစ်ဒီဂရီစင်တီဂရိတ်အောက် သို့မဟုတ် ၁.၅ ဒီဂရီစင်တီဂရိတ်ထက်မပိုဘဲ ထားရှိမည်ဟူသော ကမ္ဘာ့အပူချိန် ကန့်သတ်ချက်အား နိုင်ငံအသီးသီးက ကတိပြုထားမှုများအား ပြည့်ဝစွာ လုပ်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ဂူတာရက်စ်က မှတ်ချက်ပြုခဲ့သည်။

“ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်မရသေးပါဘူး။ ရာသီဥတုပြောင်းလဲခြင်းကသာ ပြိုင်ပွဲကို အနိုင်ရနေဆဲပါပဲ” ဟု ၎င်းက သတိပေးထားသည်။

“ဒီလို ရည်မှန်းချက် တိုးမြှင့်ထားတဲ့အပေါ်မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက လုံးဝအရေးကြီးပါတယ်။ ဒီသဘောထားနဲ့ ပတ်သက်ပြီး ကျွန်တော် တရုတ်နိုင်ငံ အစိုးရနဲ့ ဆွေးနွေးမှုများစွာ လုပ်ဆောင်ခဲ့သလို ပူးပေါင်းဆောင်ရွက်မှုလုပ်သွားမှာပါ” ဟု ဂူတာရက်စ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.