Connect with us

International Organizations

အရေးပေါ် ကျန်းမာရေး အစီအစဉ်သစ် အကြီးအကဲ ခန့်အပ်မှုအား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြေညာ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျီနီဗာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က အီဘိုလာနှင့် ဇီကာတို့ ကဲ့သို့ အရေးပေါ် ရောဂါများအား ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အရေးပေါ် ကျန်းမာရေး အစီအစဉ်၏ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် ဇွန်လ ၂၈ ရက်က ခန့်အပ် လိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက ဋ္ဌာနေဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဆီးရီးယား၊ အီရန်နှင့် ယီမင်တို့၏ ပဋိပက္ခအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အစီအစဉ် ညှိနှိုင်းရေးမှူး ဖြစ်သူ သြစတြေးလျ နိုင်ငံမှ Peter Salama အား ဤသို့ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယခင်က အီသီယိုပီးယားနှင့် ဇင်ဘာဘွေ နိုင်ငံများ၌ ယူနီဆက် ဋ္ဌာနေ ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ အီဘိုလာဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းရေးမှူး နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို WHO ၏ အရေးပေါ် ကျန်းမာရေး အစီအစဉ်သစ်တွင် လူသားများ၏ ကျန်းမာရေးအား အန ္တရာယ် ဖြစ်စေမည့် ဖြစ်ရပ်များ (ရောဂါဖြစ်ပွားခြင်း၊ သဘာဝ သို့မဟုတ် လူသားများကြောင့် ဖြစ်သည့် ဘေးအန ္တရာယ် သို့မဟုတ် ပဋိပက္ခ) အား ကာကွယ်ခြင်း၊ ရင်ဆိုင်ရခြင်းနှင့် ပြန်လည်ထူထောင်ခြင်း စသည်တို့အတွက် အကူအညီများ လျင်မြန်စွာ ရောက်ရှိရေး၊ ကြိုတင် ခန့်မှန်းခြင်းနှင့် ပြည့်စုံ ကျယ်ပြန့်သော ထောက်ပံ့မှုများ ရရှိနိုင်စေရန် အစီအစဉ် ရေးဆွဲထားကြောင်း သိရသည်။
ယင်း အစီအစဉ်သစ်သည် WHO ၏ ဋ္ဌာနေ ကိုယ်စားလှယ်ရုံးများ၊ ဒေသဆိုင်ရာ ရုံးများနှင့် ရုံးချုပ်များစသည့် နယ်ပယ်အားလုံး ပါဝင်သလို သီးခြား လွတ်လပ်သော ပြင်ပ ကျွမ်းကျင် ပညာရှင်များ၏ ထောက်ခံချက်များအား အခြေခံကာ ပြုပြင်ပြောင်းလဲ အားထုတ်မှု ရလဒ်အဖြစ် လုပ်ဆောင်ခြင်းဟုလည်း ဆိုနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.