Connect with us

International Organizations

G 20 အစည်းအဝေးမှ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ ရှယ်ယာပိုင်ဆိုင်မှု အချိုးအစား ပြုပြင်ပြောင်းလဲရေး ကြန့်ကြာမှု အပေါ် အလွန်စိတ်ပျက်နေ

ဗဟိုဘဏ် ဝန်ကြီးများ IMF နှင့် World Bank တွေ့ဆုံပွဲတွင် အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (Xinhua)

ဝါရှင်တန် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

G 20 အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ ရှယ်ယာပိုင်ဆိုင်မှု အချိုးအစား ပြုပြင်ပြောင်းလဲရေး ကိစ္စ ကြန့်ကြာ နေကြောင်း G20 ငွေကြေး ဆိုင်ရာ ဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေး အဖွဲ့ဝင် တို့က ဧပြီလ (၁၇) ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အစောဆုံး အကောင်အထည် ဖော်နိုင်ရန်သည် G20 အဖွဲ့ဝင် နိုင်ငံ များ၏ ဦးစားပေး အကြောင်းအရာ ဖြစ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားလိုက်ပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် လျှင်လျှင် မြန်မြန် အတည်ပြု နိုင်ရန် ၎င်းတို့က တိုက်တွန်း ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

IMF ၏ အကျိုး အတော်အသင့် ရှိသော ကြားကာလ ဆောင်ရွက်ချက်များကို G20 နိုင်ငံ များအနေဖြင့်လည်း ပို၍ လက်ခံနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြားကာလ ဆောင်ရွက်ချက်များသည် အပြည့်အဝ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နှင့် နှိုင်းယှဉ်လျှင် ဒုတိယ အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ပါလိမ့်မည်ဟု IMF ၏ မူဝါဒရေးရာ အကြံပေး ကော်မတီ ဥက္ကဌ Agustin Carstens က ပြောကြားသည်။ (Xinhua)