Connect with us

International Organizations

ဟောမုဇ်ရေလက်ကြား ငြိမ်းချမ်းရေးအဆိုပြုချက်အား အီရန် သမ္မတ ရိုဟာနီ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်း

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ ရိုဟာနီအား တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဒေသတွင်းလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် နိုင်ငံအသီးသီးမှ အီရန်ဦးဆောင်သည့် ဟောမုဇ်ရေလက်ကြား ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း အီရန်သမ္မတ ရိုဟာနီက စက်တင်ဘာ ၂၅ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်၏ဖိအားအောက်တွင် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဟု ၎င်းက အလေးအနက်ထား ထပ်မံ ပြောကြားခဲ့သည်။ 

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ ရိုဟာနီအား တွေ့ရစဉ်(ဆင်ဟွာ) 

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ ရိုဟာနီအား တွေ့ရစဉ်(ဆင်ဟွာ) 

နိုင်ငံအားလုံးက မျှတသည့်အခွင့်အလမ်းရရှိနိုင်သည့်အခြေအနေမျိုးတွင် အီရန်အနေဖြင့် ပါရှန်ပင်လယ်ကွေ့လုံခြုံရေးကို ကူညီကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်သလို ရေနံသယ်ယူပို့ဆောင်ရေး လုံခြုံချောမွေ့စွာ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ခိုင်မာစွာအာမခံပေးမည်ဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။အမေရိကန်တပ်များ ၎င်းဒေသမှ ထွက်ခွာသွားမှသာ ဒေသတွင်းလုံခြုံရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသသည်  ပြိုကွဲမည့်အလား ယဲ့ယဲ့သာကျန်တော့ရာ မီးစထိလျှင်ပေါက်ကွဲနိုင်ကြောင်း သတိပေးပြောဆိုလိုက်သည်။ ဟောမုဇ်ရေလက်ကြား ငြိမ်းချမ်းရေးအစီအစဉ် အသေးစိတ်အကြောင်းအရာကို နောင်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117