Connect with us

International Organizations

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် နွေရာသီတွင် အလိုအလျောက် ပျောက်ကွယ်နိုင်သည်ဟူသော ထင်မြင်ချက်မှာ အထောက်အထား မရှိသေးဟု WHO ပြောကြား 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား မတ် ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၇ ရက်(ဆင်ဟွာ) 

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် နွေရာသီတွင် အလိုအလျောက်ပျောက်နိုင်သည်ဟူသောအဆိုမှာ သက်သေထောက်အထားမရှိသေးကြောင်းနှင့် လက်ရှိတွင် နိုင်ငံအသီးသီးက COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးအရေးပေါ်အစီအစဉ်၏ အမှုဆောင် ဒါရိုက်တာ Michael Ryanက  မတ် ၆ ရက် ဂျီနီဗာမြို့၌ ကျင်းပသော WHO ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်က မတူညီတဲ့ရာသီဥတုအနေအထားမှာ ဘယ်လို သဘောသဘာဝရှိတယ် ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး”ဟု  Michael Ryan က ဆိုသည်။နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်သည် နွေရာသီတွင်လည်း ဆက်လက် ပြန့်ပွားနိုင်စွမ်းရှိသည်ဟု ကြိုတင်ယူဆပြီး နိုင်ငံအသီးသီးက ဆောင်ရွက်ရမည်များကို လျင်မြန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ အခြား တုပ်ကွေးဗိုင်းရပ်စ်ကဲ့သို့ နွေရာသီတွင် အလိုအလျောက်ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ထား၍မရကြောင်း Michael Ryanက အလေးထားပြောကြားခဲ့သည်။ ရောဂါဘယသည် ကမ္ဘာ့နေရာတိုင်းတွင် ဖြစ်ပွားနိုင်ရာ နိုင်ငံအသီးသီအနေဖြင့် အပြန်အလှန်အပြစ်တင်မှုများ မလုပ်ကြဘဲ လူ့အသက်ကို ကယ်နိုင်မည့် ရောဂါတိုက်ဖျက်ရေးကို အစွမ်းကုန်ဆောင်ရွက်သင့်ကြောင်း Michael Ryanက ပြောကြားခဲ့သည်။ (Xinhua)