Connect with us

Latin America

အကျဥ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုသည် နိုင်ငံဖြတ်ကျော်မှုခင်းနှင့်ဆက်စပ်ဟု အီကွေဒေါနိုင်ငံဆို

အီကွေဒေါနိုင်ငံ Guayaquilတွင် အဓိကရုဏ်းဖြစ်ပွားသည့် အကျဉ်းထောင်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်အပတ်က လူ (၇၉)ဦးသေဆုံးခဲ့ရသည့် အကျဥ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုသည် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည် နိုင်ငံဖြတ်ကျော်ပြစ်မှုတစ်ခုဖြစ်ကြောင်း၊ အီကွေဒေါအကျဉ်းထောင်စနစ်အခြေအနေသည် အလွန်ဆိုးဝါးနေဆဲဖြစ် ကြောင်း အီကွေဒေါ အစိုးရအရာရှိတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ထောင်အဓိကရုဏ်းဖြစ်ပွားမှုကို ကနဦးက ဒေသတွင်း ဂိုဏ်းဂဏ၏ ယှဉ်ပြိုင်တိုက်ခိုက်မှုဟု အီကွေဒေါအစိုးရက ယူဆထားသည်။ ရန်ဘက်ဂိုဏ်းဂဏများနှင့် အီကွေဒေါ နိုင်ငံအတွင်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ပိုင်ခွင့်ကို လုယူနေသည့် နိုင်ငံတကာ ပြစ်မှုကျူးလွန်သည့်အဖွဲ့အစည်းများအကြား အငြင်းပွား ပဋိပက္ခဖြစ်ရခြင်းနှင့်ဆက်စပ်နိုင်ကြောင်း အီကွေဒေါအစိုးရဝန်ကြီးPatricio Pasminhoက မတ် ၁ ရက် လွှတ်တော်ကြားနာပွဲတွင် သက်သေပြုပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံ Guayaquilတွင် အဓိကရုဏ်းဖြစ်ပွားသည့် အကျဉ်းထောင်ပြင်ပတွင် အကျဉ်းသားမိသားစုဝင်များ စုဝေးရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်တော်တို့ဆိုလိုတာက ရာဇဝတ်ဂိုဏ်းတွေ ထောင်တွင်းအဓိကရုဏ်းဖြစ်တယ် ဆိုတာမျိုး လွယ်လွယ်ပြောနေတာမဟုတ်ပါဘူး”၊ ဒီအဓိကရုဏ်းဟာ နိုင်ငံတကာ ပြစ်မှုကျူးလွန်တဲ့အဖွဲ့အစည်းတွေနဲ့ထိတွေ့ဖူးတဲ့ ရာဇဝတ်ဂိုဏ်းများကြား ပြည်တွင်း မူးယစ်ဆေးဝါးဈေးကွက်လုကြခြင်းကြောင့် ဖြစ်ကြောင်း Patricio က Pasminho ဆိုသည်။

အီကွေဒေါနိုင်ငံ Guayaquilတွင် အဓိကရုဏ်းဖြစ်ပွားသည့် အကျဉ်းထောင်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မည်သည့်ရာဇဝတ်ဂိုဏ်းဖြစ်သည်ကို Patricio Pasminhoက ပြောကြားခြင်းမရှိသော်လည်း ဒေသတွင် ဂိုဏ်းဂဏများအကြား အားပြိုင်မှုက ယခုနှစ်ပိုင်းများတွင် နိုင်ငံတကာ နောက်ခံအကြောင်းတရားများ ပါဝင်လာကြောင်း ဆိုသည်။

အီကွေဒေါနိုင်ငံတွင် ပြီးခဲ့သည့်လ ၂၃ ရက်က ထောင်အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အကျဉ်းသား (၇၉)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သွေးမြေကျသည့်အဓိကရုဏ်းတွင် ဗဟိုအမေရိကတိုက်နိုင်ငံ၏ အကျဉ်းထောင်လူပြည့်လျှံခြင်း၊ အသုံးစရိတ်မလုံလောက်ခြင်းစသည့် နာတာရှည်ပြသာနာများရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အီကွေဒေါနိုင်ငံ အစိုးရ၏ ပြောကြားချက်အရ အကျဉ်းထောင်တွင် လူဦးရေကျော်လွန်မှုသည် (၃၀)ရာခိုင်နှုန်းခန့်ရှိပြီး အကျဉ်းသား (၃၈,၀၀၀)ကျော် ထိန်းသိမ်းထားကြောင်း၊ အရင်းအမြစ်၊စီမံအုပ်ချုပ်သူဝန်ထမ်း နည်းပါးခြင်းကြောင့် ထောင်တွင်းဆူပူသောင်းကျန်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အဆိုပါအဓိကရုဏ်းဖြစ်ပွားမှုပြီးနောက် ဆူပူမှုဖြစ်ပွားရန်ကြံစည်လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း အီကွေဒေါအစိုးရက ဆိုသည်။ မတ် ၁ ရက် နံနက်ပိုင်းကလည်း အီကွေဒေါနိုင်ငံ အလယ်ပိုင်း Latacungaမြို့တွင် အကျဉ်းသားများက အကျဉ်းထောင်ရဲတပ်ဖွဲ့ဝင်(၅)ဦးကို ဓါးစာခံလုပ်ခဲ့ကြောင်း၊ အချင်းဖြစ်ရပ်ကို နာရီပိုင်းအတွင်းမှာပင် ထိန်းချုပ်နိုင်ခဲ့ကြောင်း အီကွေဒေါ အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။
အကျဉ်းထောင်၏အခြေအနေက အလွန်ဆိုးဝါး ရှုပ်ထွေးနေကြောင်း အကျဉ်းဦးစီးအရာရှိ Edmundo Moncayoက ဆိုသည်။(Xinhua)
  
…………………………………………
(Chinese Version)

厄瓜多尔称监狱暴乱关联跨国犯罪

 新华社北京3月2日电(记者陈丹)厄瓜多尔政府官员1日宣称,上周致死79人的监狱暴乱关联跨国有组织犯罪,厄监狱系统状况依然“严峻”。
 厄政府最初把暴乱归因于本土帮派竞争。政府部部长帕特里西奥•帕斯米尼奥1日在议会听证会上作证说,那些敌对帮派与争夺厄毒品贩卖控制权的不同国际犯罪团伙存在关联。
“我们谈论的不是犯罪团伙在监狱内简单的斗殴。”帕斯米尼奥说,这场暴乱是那些与国际犯罪组织有接触的犯罪团伙之间因争夺国内毒品市场而起。
 帕斯米尼奥没有“点名”具体犯罪团伙,称本土团伙之间的竞争近年来越发凸显国际背景。
厄瓜多尔上月23日发生监狱暴乱,造成79名囚犯死亡,20余人受伤,至少两名警方人员受伤。这一血腥事件凸显这个中美洲国家监狱超员、经费不足等痼疾。按照厄政府的说法,监狱超员约30%,共关押超过3.8万名囚犯,资源、管理人员短缺致使监狱发生囚犯斗殴等事件。
厄政府说,这场暴乱后又出现多次未遂暴乱。最近一次是1日上午,发生在中部城市拉塔昆加,囚犯挟持5名狱警。厄监狱管理局说,局面数小时后得到控制。
  监狱管理局官员埃德蒙多•蒙卡约认为,监狱状况“依然严峻、复杂”。

图说1:2月23日,士兵在厄瓜多尔瓜亚基尔发生暴乱的监狱附近警戒。(新华社发)
图说2:2月23日,囚犯亲属聚集在厄瓜多尔瓜亚基尔发生暴乱的监狱外。
图说3:2月23日,警方人员抵达厄瓜多尔瓜亚基尔发生暴乱的监狱。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.