Connect with us

Latin America

ဘိုလီးဗီးယားတွင် ဘတ်စ်ကား မတော်တဆမှုကြောင့် အနည်းဆုံး လူ ၇ဦးသေဆုံး

ဘိုလီးဗီးယားတွင် ယခင်ကဖြစ်ပွားခဲ့သည် ဘတ်စ်ကားမတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာပတ်စ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးပြီး လူအယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဧပြီ ၁၁ရက်တွင်ပြောကြားခဲ့သည်။

Trans Tupiza ကုမ္ပဏီမှ ပိုင်ဆိုင်သော အဆိုပါ ဘတ်စ်ကားသည် Pan American အဝေးပြေးလမ်းမပေါ်တွင် ၎င်း၏ ဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိမ်းမှောက်ခဲ့မှုကြောင့် ဘယ်ဘက်ခြမ်းတွင် များစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဘက်ခြမ်းတွင် လိုက်ပါစီးနင်းလာသော ခရီးသည်များမှာလည်း ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို Challapata နှင့် Oruro မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ် ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117