Connect with us

Latin America

ဂွာတီမာလာ တွင် မြေပြိုမှု ဖြစ်ပွား ခဲ့သောကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ

မြေပြိုကျမှုဖြစ်ပွားပြီးနောက် နေထိုင်သူများမှ ပစ္စည်းများ ရွှေ့ပြောင်းနေကြစဉ်။(ဆင်ဟွာ)

ဂွာတီမာလာ ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဂွာတီမာလာမြို့တော် အစွန်အဖျား၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၂၉ ဦးသေဆုံး၍ လူ ၆၀၀ ပျောက်ဆုံးပြီး အိမ်ခြေ ၁၂၅ လုံး ပျက်ဆီးခဲ့ရကြောင်း သောကြာနေ့ နှောင်းပိုင်းက တာဝန် ရှိသူများက ပြောသည်။

“ လူ ၂၉ ဦးသေဆုံးတာကိုတော့ ကျွန်တော်တို့ အတည်ပြုပြီးပါပြီ၊ တစ်ယောက်ကိုတော့ အတည်မပြုနိုင်သေး ပါဘူး” ဟု ဂွာတီမာလာ အမျိုးသား သဘာဝ ဘေးအန္တရယ် လျော့ပါးမှု ညှိနှိုင်းရေး (CONRED) အရာရှိ ဆာဂျီ ယို ကဘန်နာ ကပြောသည်။

သောကြာနေ့ အစောပိုင်း ကြေညာထားချက်အရ ပျက်ဆီးသွားသော အိမ်ခြေများအား အခြခံပြီး တွက်ချက် ထားသော ပျောက်ဆုံးသူအရေအတွက်သည် ၆၀၀ နီးပါးရှိလာပြီ ဖြစ်ကြောင်း CONRED ကကြေညာထား သည်။ ဒေသခံမိသားစုပေါင်း အနည်းဆုံး ၂၀ ခန့်နှင့် လူဦးရေ ၁၀၀ ဝန်းကျင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

မြို့တော်တောင်ဘက်မှ ၁၅ ကီလိုမီတာခန့်အကွာ စင်တာ ကတ်တရီးနား ပင်နျူုလာမြို့၏ EL Cambray II အနီးနားတစ်ဝိုက်၌ ကြာသပတေးနေ့ညက မိုးအကြီးအကျယ် ရွာသွန်းပြီးနောက် ထိုသို့ မြေပြိုကျမှုဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပရန်ဆာ လီဘရီ နေ့စဉ်သတင်းစာက ဆိုသည်။

ရာပေါင်းများစွာသော ကယ်ဆယ်ရေး အလုပ်သမားများသည် မြေကြီးပုံများနှင့် ကျောက်ခဲပုံများကြားမှ အသက် ရှင်ကျန်နိုင်မည့်သူများအား တူးဖော်ရှာဖွေခဲ့ရသည်။ လူပေါင်း ၃၆ ယောက်အား ရွှံ့နွံများ၊ အပျက်အစီး များကြားမှ ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117