Connect with us

Latin America

ကမ္ဘာ့ဘဏ် နှင့် အိုင်အမ်အက်ဖ်တို့၏ နှစ်ပတ်လည် အစည်းအဝေး တွင် တရုတ် နှင့် အမေရိကန်တို့ ၏ စီးပွားရေး နှင့် ဖွံ့ဖြိုးမှု ဆိုင်ရာများ အဓိက ထားဆွေးနွေးမည်

ကမ္ဘာ့ဘဏ်အုပ်စု နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး လိုဂို (ဓာတ်ပုံ-IMF)

လီမာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group) နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund= IMF) တို့၏ နှစ်ပတ်လည် အစည်းအဝေး တွင် တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ ၏ ဖွံ့ဖြိုးမှု ဆိုင်ရာ ကိစ္စရပ်များနှင့် စီးပွားရေး အခြေအနေများ အကြောင်း အဓိကထား ဆွေးနွေးမည် ဖြစ်ပြီး ယင်းအစည်းအဝေး အား ပီရူးနိုင်ငံ လီမာမြို့၌ အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။

တရုတ်နိုင်ငံ ၏ ဖွံ့ဖြိုးမှု ပုံစံ ပြောင်းလဲမှု နှင့် အမေရိကန် နိုင်ငံ Federal Reserve (Fed) မှ အတိုးနှုန်းမြှင့်မည့် အလားအလာများ စသည်တို့သည် ယခု အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် ကိစ္စရပ်များ ဖြစ်ပြီး နိုင်ငံနှင့် ဒေသ ပေါင်း ၁၈၈ နိုင်ငံတို့ မှ ၁၅,၀၀၀ ဦး ပါဝင် တက်ရောက်ကြမည် ဖြစ်ကြောင်း ပီရူးနိုင်ငံ စီးပွားရေး ဝန်ကြီး အယ်လန်စို စီဂူရာ ကပြောသည်။

“ကုန်ကြမ်း ဈေးနှုန်းများ လျော့ကျလာရေးအတွက် ကျွန်တော်တို့ အဖြေရှာကြဖို့ ရှိပါတယ်” ဟု စီဂူရာ က ပြောသည်။ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုသည် ၂၀၁၅ ခုနှစ်တွင် ၃.၄ ရာခိုင်နှုန်း ဝန်းကျင် ရှိပြီး ၂၀၁၄ ခုနှစ် နှင့် ယှဉ်လျှင် နိမ့်ကျသွားသည်ဟု စက်တင်ဘာလ ၃၀ ရက်နေ့မှာ IMF အကြီးအကဲ ခရစ်စတင်း လာဂါဒီ က ဝါရှင်တန်ရှိ အမေရိကန် ကောင်စီအား ပြောခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေး ဆိုင်ရာ မှန်ကန်သော ဆုံးဖြတ်ချက်များ ချရာတွင် အကူအညီများ ပေးနိုင်ရန် တံခါးပိတ် အစည်းအဝေးပေါင်း ၃၀၀ ကျော် ပြုလုပ်ရန် ရှိသည်။

ထိုအစည်းအဝေးများတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဆွေးနွေးမှုများတွင် လူငယ် လူရွယ်များ ပါဝင်၍ သူတို့ ၏ စီးပွားရေး လုပ်ငန်းများ စတင်ရာတွင် အကူအညီ ဖြစ်စေရန် အတွက် အသိပညာ နှင့် အတွေ့အကြုံများ ဝေမျှနိုင်ရန် စသည့် အခန်းကဏ္ဍကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117