Connect with us

Latin America

ရော်နယ်လ်ဒင်ဟို တရုတ်ဘောလုံး ကလပ်သို့ ပြောင်းရွှေ့ကစားနိုင်ချေရှိ

ဘောလုံးသမား ရော်နယ်လ်ဒင်ဟို (ဆင်ဟွာ)

ရီယို ဒီ ဂျန်နိုင်ရို၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု နှစ်ကြိမ် တိုင်တိုင် ရရှိထားသော ရော်နယ်လ်ဒင်ဟိုသည် ဖလူမိနီစ် (Fluminense) နှင့် လက်တွဲဖြုတ်ပြီး နောက်တွင် တရုတ်ကလပ် အသင်းမှာ ဆက်ကစားသွားနိုင်မည်ဟု ဘရာဇီး သတင်းမီဒီယာများအရ သိရသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်လ်ဒင်ဟိုသည် ဖလူမိနီစ်အသင်းတွင် သုံးလကြာ ကစားခဲ့ပြီး တနင်္လာနေ့ က နှစ်ဖက် သဘောတူ စာချုပ် ပြီးဆုံးခဲ့ပါသည်။

သတင်းများအရ ရော်နယ်လ်ဒင်ဟိုသည် တရုတ် ဘောလုံး ကလပ်အသင်းတစ်ခု ဖြစ်သော ထျန်းကျင်း ဆောင် ဂျီအန်း အသင်းနှင့် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခံထားရကြောင်း၊ အဆိုပါ အသင်းအား စီမံခန့်ခွဲနေသူမှာ ရီးယဲ မက်ဒရစ်နှင့် ဘရာဇီး နည်းပြဟောင်း ဗန်ဒါလယ် လူဇင်ဘာဂို ဖြစ်ကြောင်း သိရသည်။

လူဇင်ဘာဂိုသည် ရော်နယ်လ်ဒင်ဟို၏ မန်နေဂျာအဖြစ် ၂၀၁၁ ခုနှစ်တုန်းက လက်တွဲခဲ့သူဖြစ်သည်။ ရော်နယ် လ်ဒင်ဟိုသည် ဖလူမိနီိစ်၌ ကိုးပွဲကစားခဲ့သော်လည်း ရလဒ်ကောင်း မရခဲ့ပေ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117