Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ၏ “တန်ဂိုဘုရင်မ” G20 ထိပ်သီးအစည်းအဝေးတွင် ဖျော်ဖြေမည်

အာဂျင်တီးနားနိုင်ငံ၏ တန်ဂိုအကမယ် မိုရာဂေါ့ဒွိုင်း (ဝဲ) နှင့် အကသမား Manuco Firmani တို့ ကပြဖျော်ဖြေနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ တန်ဂိုကြယ်ပွင့် မိုရာဂေါ့ဒွိုင်း (Mora Godoy) သည် လွန်ခဲ့သော ၁၅ နှစ်ခန့်က တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းအနေနှင့် “နက်နက်ရှိုင်းရှိုင်းလေးစားရသော” တရုတ်နိုင်ငံသို့ ၎င်း၏ အကကုမ္ပဏီနှင့်အတူ မကြာခဏ ပြန်လည်ရောက်ဖြစ်ခဲ့သည်။

“တန်ဂို ဘုရင်မ” အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရသော ဂေါ့ဒွိုင်းက ယခုအခါတွင်မူ ဗျူနိုအေးရိစ်မြို့၌ ကျင်းပပြုလုပ်သည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခေါင်းဆောင်များအတွက် ဖျော်ဖြေတင်ဆက်လျက်ရှိပေသည်။ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဗျူနိုအေးရိစ်ပြည်နယ်တောင်ဘက် La Plata မြို့မှ ဒါရိုက်တာနှင့် ထုတ်လုပ်သူ အကပညာရှင် ဂေါ့ဒွိုင်းက တန်ဂိုသည် ဝေးကွာလှသောနိုင်ငံနှစ်ခုအား နီးကပ်စေသည့် ယဉ်ကျေးမှုပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ကြောင်း ပြောခဲ့သည်။

“ယဉ်ကျေးမှုက နယ်နိမိတ်တွေကို ပွင့်စေပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့သည် အာဂျင်တီးနား ပြိုင်ဘက်ကင်းအကပုံစံအတွက် တန်ဖိုးထားခြင်းအပါအဝင် ယဉ်ကျေးမှုဆက်ဆံရေးကို တည်ထောင်ခဲ့ကြသည်။“ယဉ်ကျေးမှုက နိုင်ငံတွေကို စည်းလုံးစေပါတယ်။ ပြီးတော့ အခု ကျွန်မ အာဂျင်တီးနားရဲ့ ယဉ်ကျေးမှုကို တရုတ်နိုင်ငံဆီ ဆောင်ကြဉ်းနေတာ နှစ်ပေါင်းများစွာကြာပါပြီ” ဟု ဂေါ့ဒွိုင်းက ဆိုသည်။၎င်းအနေဖြင့် တရုတ်နိုင်ငံသို့ သွားခဲ့သည့် ခရီးစဉ် ၁၅ ခုတွင် တန်ဂိုအကကို အနည်းဆုံး တရုတ်မြို့ကြီး ၁၅၀ သို့ ဆောင်ကြဉ်းကပြနိုင်ခဲ့ပြီ ဖြစ်ပေသည်။ ၎င်း၏ နောက်ထပ်ပန်းတိုင်က တရုတ်နိုင်ငံမှာ တန်ဂိုအကပညာ သင်ကြားပေးခြင်းဖြင့် ယဉ်ကျေးမှုဖလှယ်ရေး အရှိန်မြှင့်တင်ဖို့ဖြစ်သည်ဟု ဂေါ့ဒွိုင်းက ဆိုသည်။ (Xinhua)