Connect with us

Latin America

ဂျွန်းအက်ဖ်ကနေဒီလေဆိပ်တွင်း ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်အားလုံး ဆိုင်းငံ့ထား

နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ် စြင်္ကန်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်တွင်းသတင်းဌာနများက သြဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြသည်။

“ လေယာဉ်ခရီးစဉ်အားလုံးရပ်ဆိုင်းထားပါတယ်။ အဝင်လေယာဉ်တွေကိုလည်း တခြားလေဆိပ်တွေမှာ ဆင်းသက်ကြဖို့လမ်းညွှန်ထားပါတယ်” ဟု နယူးယောက်မြို့ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ယက်စာမျက်နှာကတဆင့် သတိပေးထားသည်။
ထို့ပြင် သေနက်သမားကို ရှာဖွေဖော်ထုတ်နိုင်ရန် ကနေဒီလေဆိပ်အတွင်းရှိ စြင်္ကန်အမှတ် ၈ တွင် ဘေးအန္တရာယ်ကင်းရေး အရေးပေါ်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.