Connect with us

Latin America

ပီရူးနိုင်ငံတောင်ပိုင်း၌ ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားရာ လူပေါင်း ၄၄ ဦးသေဆုံး

ပီရူးနိုင်ငံ၌ လူပေါင်း ၄၄ ဦးအသက်သေဆုံးခဲ့ရသော ဘတ်စ်ကားမတော်တဆမှုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လီမာ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံတောင်ပိုင်း Arequipa ဒေသအနီး၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ သေဆုံးသူ ၄၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ် ဝေါတာအော့တစ်ခ် ( Walter Ortiz ) က လူ ၄၃ ဦးမှာ ဘတ်စ်ကားထိုးကျသွားသော အနက် ၂ဝဝ မီတာရှိ တောင်စောင်း ချောက်ထဲ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နှင့် အခြားတစ်ဦးမှာ အနီးအနားရှိ ဆေးရုံတစ်ရုံ၌ သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

ပီရူးနိုင်ငံ အသံလွှင့်ဌာန ( RPP ) က နောက်ဆုံးရသတင်းဖော်ပြရာ၌ သေဆုံးသူဦးရေမှာ ၃ဝ မှ ၃၅ ဦး ၊ ယင်းနောက် ၄၄ ဦးထိ မြင့်တက်သွားခဲ့ကြောင်း နှင့် အခြား လူပေါင်း ၃၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တင်ဆက်သွားခဲ့သည်။

ဒဏ်ရာရသူအချို့ကို ရဟတ်ယာဉ်များဖြင့် Arequipa ဆေးရုံသို့စစ်သားများက ပို့ဆောင်ပေးခဲ့ကြောင်း ၊ ၎င်းမတော်တဆမှုမှာ ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲတွင် Panamerican အဝေးပြေးလမ်း တောင်ဘက် ၇၈၂ ကီလိုမီတာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် ဖေဖော်ဝါရီ ၂ဝ ရက် ညပိုင်းတွင် Chala မြို့မှ Arequipa သို့ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ၊ ကားပေါ်တွင် ခရီးသည် ၄၅ ဦးလိုက်ပါလာကြောင်း ၊ သို့သော် လမ်းခရီး၌ အရေအတွက် မသိနိုင်သော အခြား လမ်းခုလပ် ခရီးသည်များလည်း လိုက်ပါလာခဲ့ကြောင်း သိရသည်။

ဘတ်စ်ကားတိမ်းမှောက်စဉ် ခရီးသည်အရေအတွက် မည်၍မည်မျှ လိုက်ပါလာသည်ကို အတိအကျမသိရသေးကြောင်း ဒေသဆိုင်ရာ အရပ်သားကာကွယ်ရေးအဖွဲ့အကြီးအကဲ Jacqueline Choque က ဆိုသည်။

ကနဦး စစ်ဆေးမှုများအရ ယာဉ်မောင်းမှာ အိတ်ငိုက်သွား၍ ကားကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုဖြစ်စဉ်မှာ ပီရူးနိုင်ငံ၌ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကြီးမားသော ဘတ်စ်ကားမတော်တဆမှုဖြစ်ပြီး ယင်းမတိုင်မီက လီမာမြို့မြောက်ပိုင်း၌ လူပေါင်း ၅၂ ဦးသေဆုံးခဲ့ရသည့် ဘတ်စ်ကား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.