Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းလျှပ်စစ်မီးပြတ်တောက်မှု မှ နေရာအချို့လျှပ်စစ်မီးပြန်လည် ရရှိ

ဆိုင်မွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ် အပေါ်စီးမြင်ကွင်းမှတွေ့ရစဉ်။ (ဆင်ဟွာ)

ကာရာကာ့စ်၊ မတ် ၉ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်င ံတွင် အယ်လ်ဂူရီ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ၌ အဖျက်လုပ်ရပ်တစ်ခု ကြောင့် နိုင်ငံတစ်ဝန်းမြို့တော် ကာရာကာ့စ်နှင့်အခြားဒေသများတွင်ပါ မတ်လ ၇ ရက် မွန်းလွဲပိုင်းမှစ၍လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ဗင်နီဇွဲလားအာဏာပိုင်များကပြောကြားခဲ့ကြသည်။

နိုင်ငံတစ်ဝန်းလျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့သော်လည်းမတ်လ ၈ ရက်အထိ မြို့တော်ကာရာကာ့စ် ၏အခြေအနေမှာ အေးချမ်းလျက်ရှိကြောင်းနှင့်မတ်လ ၈ ရက်မွန်းလွဲပိုင်းတွင် ကာရာကာ့စ်မြို့တော်၏ အနည်းဆုံးခရိုင် ၁၀ ခုတွင် နာရီ ၂၀ ကြာ မီးပြတ်တောက်ခဲ့ရာမ ှမီးပြန်လည်ရရှိခဲ့ကြောင်းလည်း သိရ သည်။

မတ်လ ၈ ရက်နံနက်ပိုင်း၌ပင်သမ္မတနီကိုးလပ်စ်မာဒူရိုကလျှပ်စစ်မီးပြတ်တောက်မှုကြောင့်ကျောင်းများ နှင့် အစိုးရရုံးများ ကိုပိတ်ထားကြောင်းကြေညာခဲ့သည်။သို့ရာတွင်အချို့သောမရှိမဖြစ်အရေးကြီးသော လုပ်ငန်းဌာနများမှာ ဆက်လက် ဆောင်ရွက်နေကြပြီး ဌာနေပြည်သူများ အနေဖြင့် ပြည်သူ့သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများကိုအသုံးပြု၍ ရုံးများသို့သွားလာနေကြကြောင်းတွေ့ရသည်။

ကာရာကာ့စ်မြို့ရှိ ဆိုင်မွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ်ကလည်းလုပ်ငန်းများဆက်လက်လည်ပတ်နေ ကြောင်း Twitter တွင်ကြေညာခဲ့သည်။ဆေးရုံများ၊လုံခြုံရေးစနစ်များနှင့်ပို့ဆောင်ရေးကွန်ရက်များကို လည်းလုပ်ငန်းဆက်လက်လည်ပတ်ရန်အာဏာပိုင်များကအာမခံခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်တွင် ဆက်သွယ်ရေးဝန်ကြီး ဂျော့ရိုဒရီဂွက်ဇ် ကနိုင်ငံ၏လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းအ တွက်အဓိကကျသော အယ်လ်ဂူရီ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ၌ ထိုနေ့ ညနေ ၅ နာရီခန့်မှစ၍ နည်းပညာနှင့်ဆိုက်ဘာပိုင်းဆိုင်ရာ အဖျက်နှောင့်ယှက်မှုတစ်ရပ်နှင့်ကြုံခဲ့ရကြောင်း၊တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်းပြောခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအရှေ့တောင်ပိုင်း၊ဂူရီ ဆည်တွင်ရှိသောအဆိုပါရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံက နိုင်ငံ၏ရေအားလျှပ်စစ်ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေကြောင်း ၂၀၁၅ ခုနှစ်သတင်း များအရသိရသည်။(Xinhua)