Connect with us

Latin America

ဗင်နီဇွဲလား ဆန္ဒပြသူတစ်ဦးသေဆုံးမှုအတွက် စစ်သားသုံးဦးကို ဖမ်းဆီး


ကာရာကက်စ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ယခုတစ်ပတ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု တွင် ဆန္ဒပြသူ တစ်ဦး သေဆုံးခဲ့မှု ၌ ပါဝင်ပတ်သက်နေသည့် စစ်သား ၃ဦးကို ဗင်နီဇွဲလား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ Tarek Willian Saab က ဇွန်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

တပ်ကြပ်ကြီး Raymon Avila၊ ဒုတိယတပ်ကြပ်ကြီးများဖြစ်သော Johan Rojas နှင့် Jesus Baez တို့သည် အသက် ၁၇နှစ်အရွယ် Fabian Urbina အား သတ်ဖြတ်မှုတွင် တရားမဝင် ပါဝင်နေကြောင်း နှင့် Urbina သည် ရင်ဘတ်တွင် သေနတ်ထိမှန်ပြီး ဇွန် ၁၉ ရက်တွင် ကာရာကက်စ်မြို့၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလား ဆန္ဒပြမှု တွင် သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သပေးနေသည့် လူထုအားတွေ့ရစဉ် (ဆင်ဟွာ)

တွစ်တာ စာမျက်နှာတွင် Saab က ဆန္ဒပြမှုများကို ထိန်းသိမ်းရာတွင် လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လက်နက်အစစ်များ သုံးစွဲခြင်းကို တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက လူထုဆန္ဒပြမှုများကို ဦးဆောင်သူများ အနေဖြင့် အဓိကလမ်းမကြီးများ နှင့် လမ်းများကို ပိတ်ဆို့တားဆီးပြီး ငြိမ်းချမ်းရေးကို ပျက်ပြားအောင်မပြုလုပ်ဘဲ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြရန် တောင်းဆိုခဲ့သည်။

Urbina သေဆုံးခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီး Nestor Neverol က စစ်တပ်အနေဖြင့် အင်အားမျှတစွာ သုံးစွဲခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဧပြီလ အစောပိုင်းကတည်းက ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြမှုများ ကြောင့် အနည်းဆုံး သေဆုံးသူ ၇၅ဦး ရှိခဲ့ကြောင်း နှင့် ၎င်းတို့အနက် အများစုမှာ ဆန္ဒပြမှုများအတွင်း ပဋိပက္ခများကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အသတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.