Connect with us

Latin America

ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလက်ရွေးစင်ဟောင်း ကော့တင်ဟို ကွယ်လွန်

ကမ္ဘာ့ ဖလားချန်ပီယံ ဘရာဇီးအသင်းသားဟောင်း ကော့တင်ဟို(ဝဲ) အား တိုက်စစ်မှူးပီလီ(ယာ) နှင့်အတူ တွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရိုး ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

၁၉၆ဝ ပြည့်လွန်နှစ်များတွင် ဘရာဇီး ဆန်းတိုစ့်(Santos) ကလပ်အသင်း၌ ဘောလုံးဘုရင် ပီလီနှင့်အတူ တွဲဖက်ခြေစွမ်းပြခဲ့သည့် နာမည်ကျော်ထိပ်တန်းကစားသမား ကော့တင်ဟို(Coutinho) သည် အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

အန်တိုနီယိုဝီလ်ဆင်ဗီယဲရားဟွန်နိုရီယိုဟူ၍ အမည်တွင်သည့် ကော့တင်ဟိုသည် မတ် ၁၁ ရက်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသေဆုံးရခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ အတည်ပြုခဲ့ခြင်းမရှိသေးပေ။

“ ဒီလို ဝမ်းနည်းစရာအလွန်ကောင်းတဲ့အခိုက်အတန့်မှာ ကော့တင်ဟိုနဲ့ပတ်သက်ပြီး သူ့ရဲ့ တောက်ပခဲ့တဲ့ကာလတွေ ၊ သွင်းဂိုးတွေ နဲ့အောက်မေ့ဖွယ် အကြောင်းအရာများစွာကို ပြန်ပြောင်းအမှတ်ရစေပါတယ်” ဟု ဆန်းတိုစ့်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့တင်ဟိုသည် ၁၉၅၈ ခုနှစ်တွင် ဆန်းတိုစ့်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ထိုစဉ်က ၎င်း၏အသက်မှာ ၁၄ နှစ်သာ ရှိသေးသည်။ ၁၉၆၂ ခုနှစ် ချီလီနိုင်ငံတွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် ဘရာဇီးအသင်းတွင် ကော့တင်ဟိုသည် လက်ရွေးစင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၎င်းသည် ဆန်းတိုစ့်အသင်းအတွက် ၄၅၇ ပွဲပါဝင်ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၃၇ဝ ဂိုး နှင့်အတူ ဘရာဇီးကလပ်အသင်းချန်ပီယံဆု ၅ ကြိမ် ၊ ကိုပါကလပ်အသင်းပြိုင်ပွဲ ချန်ပီယံဆု ၂ ကြိမ် နှင့် တိုက်ကြီးများဖလားချန်ပီယံဆု ၂ ကြိမ် အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.