Connect with us

Latin America

ဘရာဇီး နိုင်ငံ တွင် Yellow Fever ရောဂါကြောင့် သေဆုံးသူ ၂၄၀ ဦး အထိ ရောက်ရှိလာ

Yellow Fever ဗိုင်းရပ်စ် ကို သယ်ဆောင်နိုင်သည့် ခြင်အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနရို ၊ မေ ၃ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ကျန်းမာရေး ဌာန မှ မေလ ၂ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လပိုင်း မှ စတင်ဖြစ်ပွားခဲ့သည့် Yellow Fever ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ယခုနှစ် ဧပြီလ ၂၇ ရက်နေ့ အထိ ဘရာဇီး တစ်နိုင်ငံလုံးအတိုင်းအတာတွင် ရောဂါကုသမှုပေါင်း ၇၁၅ ခုကို ဆောင်ရွက်ခဲ့ပြီး ထိုအတွင်း မှ ၂၄၀ ဦးသည် Yellow Fever ရောဂါကြောင့် သေဆုံးခဲ့ရကြောင်း ပါဝင်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကျန်းမာရေး ဌာန အနေဖြင့် Yellow Fever ရောဂါ ဟု သံသယ ရှိသည့် လူနာပေါင်း ၃၀၀၀ ဦးကို လက်ခံခဲ့ပြီး ထိုအတွင်း မှ ၁၅၀၀ ဦးကို Yellow Fever ရောဂါ မဟုတ်ဟု အတည်ပြုနိုင်ခဲ့ကြောင်း ၊ ကျန်ရှိသည့် လူနာ ၁၅၀၀ ဦးတွင် ၇၁၅ ဦးကို Yellow Fever ရောဂါ ဟု အတည်ပြုနိုင်ခဲ့ပြီး ၇၈၅ ဦး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Minas Gerais ပြည်နယ် သည် Yellow Fever ရောဂါ အများဆုံး ဖြစ်ပွားရာ ပြည်နယ် ဖြစ်ပြီး Yellow Fever ရောဂါကြောင့် သေဆုံးသူ ၁၆၅ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး Yellow Fever ရောဂါကြောင့် သေဆုံးသူဦးရေ၏ ၆၈.၇၅ ရာခိုင်နှုန်းရှိခဲ့သည်။လက်ရှိချိန်တွင် ဘရာဇီး နိုင်ငံ ၏ မြို့ပေါင်း ၁၂၃ မြို့တွင် Yellow Fever ရောဂါ ဖြစ်ပွားမှုများကို တွေ့ရှိခဲ့ရသည်။

ဘရာဇီး နိုင်ငံ အစိုးရ အနေဖြင့် Yellow Fever ရောဂါ အန္တရာယ်များပြားသည့် ဒေသများသို့ ရောဂါ ကာကွယ်ဆေးပေါင်း ၂၃.၆ သန်း ပေးဝေခဲ့သော်လည်း လက်ရှိချိန်တွင် အချို့ဒေသများ၌ ကာကွယ်ဆေး မလုံလောက်သည့် အခြေအနေ များ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Yellow Fever ရောဂါ သည် Yellow Fever ဗိုင်းရပ်စ် မှ ဖြစ်ပွားစေသည့် ကူးစက်ပျံနှံ့လွယ်သော ရောဂါ အမျိုးအစား ဖြစ်ပြီး အဓိက အားဖြင့် ခြင်မှတစ်ဆင့် ကူးစက်ပျံနှံ့ခြင်း ဖြစ်သည်။ ရောဂါပိုး ကူးစက်ခံရပါက ကိုယ်ပူခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အသားဝါခြင်း ၊ သွေးလွန်ခြင်း စသည့် လက္ခဏာ များကို တွေ့ရှိရပြီး ရောဂါ အခြေအနေ ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့် ရောဂါ အမျိုးအစား ဖြစ်သည်။ Yellow Fever ရောဂါ ကို ကုသနိုင်ရန် အထူး ကုသမှုမျိုးလက်ရှိချိန်တွင် မတွေ့ရှိသေးသော်လည်း ရောဂါ မဖြစ်ပွားရန် ကြိုတင်ကာကွယ် နိုင်သည့် ကာကွယ်ဆေး ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.