Connect with us

Latin America

ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းတွင် အဝေးပြေးကား လမ်းချော်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံး၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ

မတော်တဆမှု ဖြစ်ပွားသည့် စာလုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ မေ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း Tangail ခရိုင်ရှိ မြောင်း တစ်ခုအတွင်းသို့ ညဘက် ပြေးဆွဲသည့် အဝေးပြေးကား တစ်စီး လမ်းချော်ကျခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သလို ၂၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက မေလ ၃ ရက်တွင် ပြောကြားလိုက်သည်။

“ခရီးသည်တင် ဘတ်စ်ကားက လမ်းဘေးက မြောင်းထဲကို ထိုးကျသွားတာ၊ လူ ၇ ဦးက နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်၊ လူ ၂၅ ဦး ဒဏ်ရာရရှိသွားတယ်” ဟု ခရိုင် ရဲချုပ် မိုဟာမတ် မာဘတ် အလမ်က သတင်းထောက်များသို့ ပြောခဲ့သည်။

အဆိုပါ မတော်တဆမှုသည် မေလ ၂ ရက် ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဘတ်စ်ကား မောင်းသူမှာ ကား အရှိန် မထိန်းနိုင်ဘဲ မြောင်းအတွင်း ထိုးကျခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဝေးပြေးလမ်းများမှာ ကောင်းမွန်ခြင်းမရှိခြင်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ ကျွမ်းကျင်မှု မရှိသည့် ယာဉ်မောင်းများကြောင့် လမ်းစည်းကမ်း ချိုးဖောက်မှုများနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဋ္ဌာန စောင့်ကြည့်ရေး အားနည်းခြင်းများကြောင့် ကမ္ဘာပေါ်တွင် လမ်း မတော်တဆမှုနှုန်း မြင့်မားသည့် နိုင်ငံ တစ်ခု ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် အင်ဂျင်နီးယားရင်း နည်းပညာ မတော်တဆမှု သုတေသန စင်တာမှ လေ့လာမှု တစ်ခုအရ ဘင်္ဂလားဒေ့ရှ်တွင် ယာဉ် မတော်တဆမှုများကြောင့် နှစ်စဉ် လူပေါင်း ၁၀,၀၀၀ မှ ၁၂,၀၀၀ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းအနက် ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.