Connect with us

Latin America

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၃ သန်း နီးပါး အထိရောက်ရှိလာခဲ့ပြီး ကျောင်း များ ပြန်ဖွင့်ရန် ထပ်မံ ရွှေ့ဆိုင်း

ဘရာဇီး နိုင်ငံ ရှိ ယာယီဆေးရုံ တစ်ခု တွင် လုံခြုံရေး ဝန်ထမ်း တစ်ဦး က နှာခေါင်းစည်း တပ်၍ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ သြဂုတ် ၇ ရက် ၌ ထုတ်ပြန် ခဲ့သော နောက်ဆုံး ကြေညာချက် အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၅၀,၂၃၀ ဦးတိုးမြင့် ခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂,၉၆၂,၄၄၂ ဦး အထိ ရောက်ရှိလာ ခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၁,၀၇၉ ဦး တိုးမြင့် ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၉၉,၅၇၂ ဦး အထိ ရောက်ရှိလာခဲ့ကာ ရောဂါ မှ ပြန်လည် သက်သာလာသူ ၂,၀၆၈,၃၉၄ ဦး ရှိကြောင်း သိရှိရသည်။

ဆောပိုလို ပြည်နယ် သည် ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား ခဲ့သည့် ပြည်နယ် ဖြစ်ပြီး ရောဂါ ကူးစက် ခံရသူ ၆ သိန်း ကျော် ရှိကြောင်း ၊ ဆောပိုလို ပြည်နယ် အုပ်ချုပ်ရေးမှူး က သြဂုတ် ၇ ရက် ၌ ကျောင်းသား/သူများ ၊ ဆရာများ နှင့် မိသားစု ဝင်များ ၏ ကျန်းမာရေး အတွက် ပြည်နယ် အတွင်း ရှိ ကျောင်းများ အားလုံး ကို အောက်တိုဘာ ၇ ရက် မှ ပြန်လည် ဖွင့် စေမည် ဖြစ်ကြောင်း ကြေညာ ခဲ့ပြီး အဝါရောင်အဆင့် မြို့များ တွင် ကန့်သတ်မှု များ ဖြေလျှော့ လိုက်ပြီး နောက် ၂၈ ရက် အကြာ တွင် စက်တင်ဘာ ၈ ရက် တွင် စတင်၍ စာသင်ကျောင်းများ မွမ်းမံတည် ဆောက်ခြင်း ၊ ဘော်ဒါဆောင်များ လက်ခံခြင်း နှင့် အားကစား လှုပ်ရှားမှု ဆောင်ရွက်ခြင်း တို့ ကို ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဆောပိုလို ပြည်နယ် တွင် ကန့်သတ်မှုများ ဖြေလျှော့ရာ တွင် အနီရောင် ၊ လိမ္မော်ရောင် ၊ အဝါရောင် ၊ အစိမ်းရောင် နှင့် အပြာရောင် ဟူ၍ အဆင့်များ ခွဲခြားထားပြီး ကန့်သတ်မှု ကို လည်း အဆင့်လိုက် တင်းကျပ်မှုများ ပြုလုပ်ထားသည်။ သြဂုတ် ၇ ရက် တွင် ဆောပိုလို ပြည်နယ် အစိုးရ က အချို့ဒေသ ၏ ကန့်သတ်မှု အဆင့် ကို ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး ဒေသ ၉ ခု အား အဝါရောင် အဆင့် သို့ လျော့ချပေးခဲ့သည်။ ဒေသတစ်ခု အား အဝါရောင် အဆင့် မှ လိမ္မော်ရောင် အဆင့် သို့ ပြန်လည် တင်းကျပ် ခဲ့သည်။

ဘရာဇီး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကူးစက်မှု များပြား သည့် ပြည်နယ် များ မှ ဆောပိုလို  ပြည်နယ် အပြင် Bahia ပြည်နယ် နှင့် Ceara ပြည်နယ် တို့ ဖြစ်ကြ ပြီး ကူးစက်ခံရသူ တစ်သိန်းရှစ်သောင်း ကျော်စီ ရှိကြောင်း ၊ Rio de Janeiro ပြည်နယ် တွင် လည်း ကူးစက်ခံရသူ တစ်သိန်းခုနှစ်သောင်း ကျော် ရှိကြောင်း သိရှိရသည်။  (Xinhua)