Connect with us

Latin America

အမေရိကန် သမ္မတ ရွေးချယ်ပွဲ လှုပ်ရှားမှုတွင် ကလင်တန်က ထရမ့်ကို ဦးဆောင်နေကြောင်း လူထုဆန္ဒများက ဖော်ပြ

ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဟီလာရီ ကလင်တန်သည် ၎င်း၏ ပြိုင်ဘက် ရီပက်ဘလစ်ကန် သမ္မတ လောင်း ဒေါ်နယ်ထရမ့်အား ၉ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်နေကြောင်း သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် လိုက်သည့် နိုင်ငံတစ်ဝန်း လူထုဆန္ဒခံယူမှု ရလဒ် တစ်ခုက ဖော်ပြထားသည်။

နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီ ရက်ပေါင်း ၈၀ လိုသေးသော် လည်း နယူးယောက် သူဋ္ဌေးကြီး ထရမ့်အပေါ် အငြင်းပွားချက်များနှင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိနေရာ ၎င်းနှင့် ၎င်း၏ မဲဆွယ် စည်းရုံးရေးအဖွဲ့အနေဖြင့် ကျဉ်းထဲကျပ်ထဲမှ လုပ်ဆောင်ရမည်ဟု ထိုစစ်တမ်းက ဆိုသည်။
လက်ရှိတွင် ကလင်တန်သည် မဲဆန္ဒရှင် ၅၀ ရာခိုင်နှုန်း၏ ထောက်ခံမှု ရရှိထားပြီး ထရမ့်ကမူ ထောက်ခံမှု ၄၁ ရာခိုင်နှုန်း ရရှိထားကြောင်း NBC News နှင့် Survey Monkey Weekly Election Tracking Poll တို့မှ ကောက်ယူထားသည့် လူထု စစ်တမ်းအရ သိရသည်။
သို့သော်လည်း သမ္မတလောင်း နှစ်ဦးလုံးသည် မဲဆန္ဒရှင်များအကြား လူကြိုက်နည်းမှု နက်ရှိုင်းစွာ ရှိနေဆဲ ဖြစ်ကြောင်း လူထုစစ်တမ်းက ဖော်ပြထားသည်။ ကလင်တန်အပေါ် လူကြိုက်နည်းမှုသည် မဲဆန္ဒရှင်များ၏ ၅၉ ရာခိုင်နှုန်းရှိကာ ထရမ့်ကို မကြိုက်သည့်သူမှာ ၆၄ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
ထို့ပြင် ထရမ့်သည် ရိုးသားပြီး ယုံကြည်ရလောက်သောသူ ဖြစ်ကြောင်း ၁၆ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက ပြောကြားထားပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ကိုမူ ၁၁ ရာခိုင်နှုန်းကသာ ထိုသို့ ပြောဆိုထား ကြောင်း တွေ့ရသည်။
သို့သော်လည်း သမ္မတ တစ်ဦး အနေဖြင့် တာဝန်ထမ်းဆောင်ရန် ကိုယ်ရည်ကိုယ်သွေး အရသော်လည်း ကောင်း၊ ပင်ကိုစရိုက် အရသော်လည်းကောင်း ကလင်တန်ကို ၄၂ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ထရမ့်ကိုမူ ၁၇ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ကြသည်။
အဆိုပါ လူထု ဆန္ဒသဘောထား စစ်တမ်းအား အရွယ်ရောက်ပြီးသူ ၁၅,၁၇၉ ဦးအား သြဂုတ်လ ၈ ရက်မှ ၁၄ ရက်အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.