Connect with us

Latin America

အိုလံပစ် မီတာ ၁ဝဝ အပြေးပြိုင်ပွဲ သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရှင် အူစိန်ဘော့

ရီယိုအိုလံပစ်မီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အူစိန်ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရီယိုအိုလံပစ်ပြိုင်ပွဲ၌ သြဂုတ်လ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁ဝဝ အမျိုးသားအပြေးပြိုင်ပွဲတွင် အူစိန်ဘော့သည် ထိပ်ဆုံးမှ ပန်းဝင်ခဲ့ရာ ၎င်းသည် အိုလံပစ်ပြိုင်ပွဲ မီတာ ၁ဝဝ အမျိုးသားပွဲစဉ်၌ သုံးကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် တာတို အပြေးသမားအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပြီဖြစ်သည်။

ဂျမေကာနိုင်ငံသားအသက် ၂၉ နှစ်အရွယ်ရှိ အူစိန်ဘော့သည် ၉.၈၁ စက္ကန့်ဖြင့် အနီးကပ်ပြိုင်ဖက် အမေရိကန်နိုင်ငံသား Justin Galtin ကို တစ်စက္ကန့်၏ ၈ဝဝ ပုံတစ်ပုံ စက္ကန့်ဖြင့် ကျော်ဖြတ်ကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ၎င်းပွဲစဉ်တွင် ကနေဒါနိုင်ငံသား Andre de Grass သည် ၉.၉၁ စက္ကန့်ဖြင့် တတိယကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ရီယိုအိုလံပစ်မီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အူစိန်ဘော့အားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင်ဘော့၏ တစ်နိုင်ငံထဲသား အပြေးသမားများဖြစ်ကြသည့် Yohan နှင့် Akani Simbine တို့သည် ၉.၉၃ စက္ကန့်နှင့် ၉.၉၄ စက္ကန့်ဖြင့် အသီးသီးပန်းဝင်ခဲ့ကြောင်းသိရသည်။
ယခုရရှိခဲ့သော ရွှေတံဆိပ်ဆုသည် ဘော့အတွက် အိုလံပစ်ပြိုင်ပွဲ တစ်လျှောက် ၇ ခုမြောက် ရွှေတံဆိပ်ဆုဖြစ်သလို အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် အထူးချွန်ဆုံး အားကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့မီတာ ၁ဝဝ ပြေးပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းက အူစိန်ဘော့၏ အိုလံပစ်ပြိုင်ပွဲ၌ မီတာ ၁ဝဝ ၊ မီတာ ၂ဝဝ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြေးပွဲသုံးခုစလုံးတွင် ရွှေတံဆိပ်ရယူရန် မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။
ပြီးခဲ့သော ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ၌ အူစိန်ဘော့သည် ပြိုင်ဖက်ကစားသမား Gatlin အား တစ်စက္ကန့်၏ အပုံ၁ဝဝပုံ တစ်ပုံဖြင့် ဖြတ်ကျော်အနိုင်ယူခဲ့ကြောင်းသိရသည်။ အဆိုပါ အသက် ၃၄ နှစ် အရွယ်ရှိ အမေရိကန် တာတို အပြေးသမားသည် ၂ဝဝ၄ခုနှစ် အေသင်အိုလံပစ်ပြိုင်ပွဲ၌ မီတာ ၁ဝဝ ပြေးပြိုင်ပွဲ ဗိုလ်စွဲထားသူ တစ်ဦးဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အားကစားပြိုင်ပွဲမှ လေးနှစ်တိတိ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.