Connect with us

North America

ဥရောပသမဂ္ဂက Apple ကုမ္ပဏီကို ယူရို ၁.၈ ဘီလီယံကျော် ဒဏ်ရိုက်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်ရှိ အမေရိကန် Apple ကုမ္ပဏီ၏ အရောင်းဆိုင်ကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Apple ကုမ္ပဏီသည် ၎င်း၏ Music-streaming အက်ပ်များ၏ ဈေးကွက်ပေါ်ဖြန့်ကျက်မှုနှင့် လွှမ်းမိုးမှုအနေအထားကို အလွဲသုံးစားလုပ်ပြီး ဥရောပသမဂ္ဂ၏ တစ်ဦးတည်းချုပ်ကိုင်ခွင့်တားမြစ်စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ဥရောပကော်မရှင်က ယူရို ၁.၈ ဘီလီယံကျော် ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။
ဥရောပကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ Apple သည် Music-streaming အက်ပ်ဆော့ဖ်ဝဲရေးဆွဲသူများကို ကန့်သတ်ချက်များချမှတ်ထားခြင်း၊ အက်ပ်ပြင်ပရှိ အခြားစျေးသက်သာသော တေးဂီတစာရင်းသွင်းခြင်းဝန်ဆောင်မှုများကို Apple သုံးစွဲသူများအား လုံလောက်စွာ အသိပေးမှုမရှိခြင်း၊ ယင်းဝန်ဆောင်မှုများကို မည်သို့စာရင်းသွင်းနည်းဆိုင်ရာ ညွှန်ကြားချက်များကို တားမြစ်ထားခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် Apple ၏ “လမ်းညွှန်မှုဆန့်ကျင်ရေးအပိုဒ်များ” သည် တရားမျှတမှုမရှိသော ကုန်သွယ်မှုအနေအထားများဖြစ်ပြီး ဥရောပသမဂ္ဂ၏ တစ်ဦးတည်းချုပ်ကိုင်ခွင့်တားမြစ်ရေးနှင့်သက်ဆိုင်သောစည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့်၊ Music-streaming အသုံးပြုသူများသည် Apple ၏ App Store တွင်ရှိသော အက်ပ်များဝယ်ယူနိုင်ရေး ဝန်ဆောင်မှုကိုအသုံးပြုနိုင်သော်လည်း Apple က ကော်မရှင်ခ၃၀% ဖြတ်တောက်မည်ဖြစ်သည်။ အသုံးပြုသူများသည် ဤအပိုင်းကို အခကြေးငွေပေးဆောင်စရာမလိုဘဲ သက်ဆိုင်ရာဂီတဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဝန်ဆောင်မှုကို တိုက်ရိုက်စာရင်းသွင်းနိုင်သည်။
Apple ၏ ယခုလိုစည်းကမ်းချိုးဖောက်မှု ကြာချိန်နှင့် သက်ရောက်မှုပြင်းထန်အား၊ စုစုပေါင်းရောင်းအား၊ စျေးကွက်တန်ဖိုး နှင့် အခြားအချက်များကို သုံးသပ်ပြီးနောက် ဥရောပကော်မရှင်အနေဖြင့် Apple ၏ ဒဏ်ငွေက လုံလောက်သော အဟန့်အတားဖြစ်ရန် အခြေခံဒဏ်ငွေအပြင် ယူရို ၁.၈ ဘီလီယံကို တစ်လုံးတစ်ခဲတည်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံခြားမီဒီယာအများအပြား၏ဖော်ပြချက်အရ Appleကုမ္ပဏီသည် စုစုပေါင်းဒဏ်ငွေယူရို ၁.၈၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်) ပေးဆောင်ခဲ့ကြောင်းသိရသည်။

ဥရောပကော်မရှင်သည် အသုံးပြုသူများ ထိခိုက်နစ်နာစေသည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများကို မတင်ပြနိုင်ခြင်း၊ ပြိုင်ဆိုင်မှုများနှင့်တဟုန်ထိုးဖွံ့ဖြိုးကြီးထွားလာသောဈေးကွက်၏လက်တွေ့ကိုလျစ်လျူရှုခြင်း စသည်တို့ကြောင့် ဥရောပသမဂ္ဂ၏ စီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း ထိုနေ့တွင် Apple ကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
欧盟对苹果公司开出逾18亿欧元罚单
新华社布鲁塞尔3月5日电(记者张兆卿)欧盟委员会4日发表声明,宣布对美国苹果公司处以超过18亿欧元罚款,原因是该公司滥用其在音乐流媒体应用程序分发市场上的主导地位,违反欧盟反垄断法规。
欧盟委员会调查显示,苹果对音乐流媒体应用程序开发者施加了限制,阻止他们充分告知苹果用户应用程序以外可替代和更便宜的音乐订阅服务,并阻止他们提供有关如何订阅此类服务的说明。
欧盟委员会说,苹果的这种“反引导条款”属于设置不公平交易条件,违反欧盟反垄断相关法规。
通常来讲,音乐流媒体用户可在苹果应用商店中提供的应用程序内购买服务,但苹果公司会从中抽成30%;用户也可直接通过相关音乐网站订阅服务,就无需支付这部分抽成费用。
欧盟委员会表示,在考虑侵权行为的持续时间和严重性、苹果的总营业额和市值等因素后,委员会决定在基本罚款金额基础上追加18亿欧元的一次性付清罚款,以确保对苹果的整体罚款具有足够威慑力。据多家外媒报道,这使得此次针对苹果的罚款总额达到了18.4亿欧元(约合20亿美元)。
苹果公司当天发表声明说,欧盟委员会并未提出任何消费者受到伤害的可靠证据,忽视了市场蓬勃发展、竞争激烈且快速增长的现实,苹果将就欧盟的裁决提出上诉。
Photo: 这是2024年3月4日在比利时布鲁塞尔市中心拍摄的一家美国苹果公司门店。新华社记者 孟鼎博 摄