Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ သုံးဦးထပ်မံတွေ့ရှိ

ဖနွမ်းပင်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သုံးဦးထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၁၇ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၁၇ ဦး ရှိပြီဖြစ်သည်။ အဆိုပါရောဂါကူးစက်ခံရသူ အားလုံးသည် အသက် ၂၀ မှ ၄၃ နှစ်ကြား အမျိုးသားများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် ၎င်းတို့အားလုံးနီးပါးသည် မြို့တော် ဖနွမ်းပင်၌ နေထိုင်ကာ အလုပ်လုပ်ခဲ့ကြကြောင်း သိရသည်။ လက်ရှိတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ငါးဦးသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်းသိရသည်။
မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် သို့မဟုတ် ကြီးမားသောကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် အထူးသတိထားနေထိုင်ကြရန် ဝန်ကြီးဌာနက ပြည်သူများကို တိုက်တွန်းထားသည်။
မျောက်ကျောက်ရောဂါသည် ရောဂါရှိသူတစ်ဦးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် အခြားသူတစ်ဦးသို့ကူးစက်တက်သည်။

ခန္ဓာကိုယ်ပေါ်တွင် အရည်ကြည်ဖုများထွက်ခြင်းစသည့် လက္ခဏာများ၊ အဖျားတက်ခြင်း အရည်ကြည်ဖုများ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ သွားရောက်ပြသသင့်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)
………………………………………..
(English Version)
Cambodia records 3 more cases of monkeypox
PHNOM PENH, April 7 (Xinhua) — Cambodia has detected three more cases of mpox, also known as monkeypox, bringing the total number of infections in the country to 17 so far, the Ministry of Health said in a statement on Sunday.
“Since December 2023 to date, a total of 17 people had been tested positive for mpox. All of them are men, aged between 20 and 43 years old,” the ministry said, adding that nearly all of them lived and worked in the capital Phnom Penh.
Currently, five mpox patients remain in hospital for medical treatment, the ministry added.
The ministry also renewed its calls for people to be extra vigilant in order to prevent the cluster or large-scale transmission of the mpox.
It said mpox virus is transmitted from person to person.
“Individuals with symptoms such as rash with blisters on the face, palms, feet, body, eyes, mouth or genitals, fever, swollen lymph nodes, headache, muscle aches, low back pain, and fatigue should visit a health center or hospital for a consultation or test for mpox,” the ministry said. ■