Connect with us

North America

ကျူးဘား အနောက်ပိုင်းတွင် စစ်လေယာဉ် တစ်စင်း ပျက်ကျ၊ လူ ၈ ဦး သေဆုံး

ပျက်ကျနေသည့် လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာဗားနား၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အနောက်ပိုင်း Artemisa ပြည်နယ်တွင် ဧပြီလ ၂၉ ရက် နံနက်ပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသည့် တပ်သား ၈ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်။

ကျူးဘား တော်လှန်ရေး တပ်မတော်ပိုင် လေယာဉ်မှာ မြို့တော် ဟာဗားနား အနောက်ဘက် Artemisa ပြည်နယ်ရှိ တောင် တစ်လုံးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်မှူး အပါအဝင် လေယာဉ်ပေါ်လိုက်ပါသွားသူ အားလုံး သေဆုံးသွားခဲ့တယ်” ဟု တော်လှန်ရေးတပ် ဝန်ကြီးဋ္ဌာန (Ministry of Revolutionary Armed Forces) က နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံထုတ် AN-26 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၆း၃၈ နာရီ၌ ဟာဗားနားမြို့စွန်ရှိ Playa Baracoa လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး Candelaria မြို့ရှိ loma de la Pimienta တောင်နှင့် အပြင်းအထန် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးတပ် ဝန်ကြီးဋ္ဌာနက ကော်မရှင် တစ်ဖွဲ့က လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.