Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင် ဆူပူမှုတွင် အရာရှိ ၈ ဦးနှင့် အကျဉ်းသား ၇ ဦး ဒဏ်ရာရ

ကယ်လီဖိုးနီးယားပြည်နယ် Del Norte နယ်မြေ Pelican Bay State အကျဉ်းထောင်အုတ်နံရံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကယ်လီဖိုးနီးယားပြည်နယ်တွင် မေလ ၂၄ ရက်က အကျဉ်းထောင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ရာ ဝန်ထမ်း ၈ ဦးနှင့် အကျဉ်းသား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ထောင်ဆူပူမှုသည် ကယ်လီဖိုးနီးယားပြည်နယ် Del Norte ခရိုင် Crescent မြို့ရှိ လုံခြုံရေး မြင့်မားသည့် Pelican Bay State အကျဉ်းထောင်၌ ဒေသစံတော်ချိန် နံနက် ၁၀း၂၅ နာရီမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင်နှင့် ပြန်လည်ထူထောင်ရေးဋ္ဌာန (CDCR) က ပြောသည်။

ထောင်ဆူပူမှုအတွက် အသေးစိတ် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ထောင်အတွင်းရှိ ရန်ဖြစ်နေသည့် အကျဉ်းသား နှစ်ဦးအကြား အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက တုန့်ပြန်လိုက်သဖြင့် ယခုလို ထောင်ဆူပူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရန်ဖြစ်သူများအား နှိမ်နင်းရာတွင် အကျဉ်းသားများ ဆူပူမှုကို တားမြစ်ရန်ဟု အကြောင်းပြထားသော်လည်း ဝန်ထမ်းမှာ ဓာတုပစ္စည်းများနှင့် တုတ်များ အသုံးပြုခဲ့သဖြင့် ဖမ်းဆီးခံထားရကြောင်း CDCR က ပြောသည်။

“အကျဉ်းသား နှစ်ဦးကို ဝန်ထမ်းက ဆက်လက် နှိမ်နင်းဖို့ ကြိုးစားတဲ့အတွက် အခြားနေရာများမှ အကျဉ်းသားထုများကလဲ အခင်း ဖြစ်ရာနေရာဆီ ပြေးလာခဲ့တယ်၊ အခြား လက်နက်ကိုင် အရာရှိများလဲ ရောက်ရှိလာကာ ထောင်ဝန်ထမ်းများကို စတင် တိုက်ခိုက်လာသော အကျဉ်းသားများအား ကျည်ဆံ ၁၉ တောင့်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရတယ်” ဟု CDCR တာဝန်ရှိသူများက ပြောသည်။

လုံခြုံရေးမြင့်မားသော အဆောက်အဦ နှစ်ခုရှိသော အဆိုပါ အကျဉ်းထောင်သည် အရေးကြီးဆုံး အကျဉ်းသားများ ထားရှိရာ အကျဉ်းထောင် ဖြစ်သည်။ လက်ရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ၂၀၀၀ ဦးနှင့် ဝန်ထမ်း ၁၃၀၀ ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူ အရာရှိ ၈ ဦးအနက် ၆ ဦးမှာ ဆေးကုသမှု ခံယူပြီးဖြစ်ကာ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း၊ အခြား အရာရှိ ၂ ဦးမှာမူ ဆေးရုံ၌ ကုသမှုခံယူနေဆဲ ဖြစ်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် မကြာမီ ဆေးရုံမှ ဆင်းရမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်ကို ၁၉၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဆန်ဖရန်စစ္စကို မြောက်ပိုင်း မိုင် ၃၇၀ (၆၀၀ ကီလိုမီတာ) အကွာနှင့် ကယ်လီဖိုးနီးယား တောင်ဘက် အော်ရီဂွန်ပြည်နယ်နှင့် နယ်စပ် ၁၃ မိုင် (၂၀ ကီလိုမီတာ) အကွာ၌ တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.