Connect with us

North America

အသက် တစ်နှစ်အောက် ကလေးများကို သစ်သီးဖျော်ရည် မတိုက်သင့်

ကလေးငယ် တစ်ဦးအား ချီပိုးထားသည့် ဖခင် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

သစ်သီးဖျော်ရည်များက အသက် တစ်နှစ်အောက် ကလေးတွေအတွက် အာဟာရ အကျိုးကျေးဇူး မပါဝင်သည့်အတွက် ၎င်းတို့ကို ကျွေးသည့် အစားအစာထဲတွင် ထည့်သွင်းမကျွေးသင့်ကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီက ထုတ်ပြန်သည့် လမ်းညွှန်အသစ်အရ သိရသည်။

ယခင်က ကလေးအထူးကုဆရာဝန်များက အသက် ခြောက်လအောက် ကလေးများကိုသာ အသီးဖျော်ရည် တိုက်ကျွေးခြင်းကို ကန့်ကွက်ထားခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း တွေ့ရှိထားသည့် အထောက်အထားများအပေါ် အခြေခံကာ ယခုလို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ တွေ့ရှိခဲ့သည့် အထောက်အထားများအရ သစ်သီးဖျော်ရည် သောက်သုံးသည့် ကလေးငယ်များမှာ အဝလွန်ခြင်းနှုန်း မြင့်တက်ခြင်းနှင့် သွားကျန်းမာရေး အခြေအနေများနှင့် ဆက်စပ်လျက်ရှိသည်ဟုဆိုသည်။

“အသီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ မိဘတွေက သိထားတယ်၊ ဒါပေမဲ့ အသီး လတ်လတ်ဆတ်ဆတ် အသီးဟာ အထဲမှာ သကြားနဲ့ ကယ်လိုရီတွေကို သိုလှောင်ထားတဲ့အတွက် အစားထိုး ကျွေးသင့်တဲ့အရာ မဟုတ်ဘူး” ဟု ကလေးသူငယ်ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် မူဝါဒ ထုတ်ပြန်ချက်သစ်၏ ပူးတွဲ စာရေးသူ မဲလ်ဗင် ဟေးမန်းက ပြောသည်။

အဆိုပါ အကြံပြုချက်အသစ်အရ ၁၀၀ ရာခိုင်နှုန်း လတ်ဆတ်သော သစ်သီး သို့မဟုတ် တာရှည်ခံအောင် ပြုပြင်ထားသည့် သစ်သီးဖျော်ရည်များက အသက် တစ်နှစ်အထက် ကလေးသူငယ်များအတွက်သာ အလွန်ကောင်းမွန်သော အစားအစာဖြစ်သည်ဟု ဆိုသည်။

ဖြည့်စွက်ဖော်ပြရလျှင် သစ်သီးဖျော်ရည်တိုက်ကျွေးခြင်းက ကလေးငယ်များအတွက် ရေဓာတ်ခမ်းခြောက်ခြင်း နှင့် ဝမ်းပျက်ခြင်းများအတွက် ကုသရာတွင်လည်း သင့်လျော်မှုမရှိကြောင်း ယင်းအဖွဲ့က ပြောကြားထားသည်။

“သစ်သီးဖျော်ရည်တွေဟာ ကိုယ်အလေးချိန်တက်စေပြီး သွားတွေကို ထိခိုက်စေတယ်၊ ကလေးအထူးကု ဆရာဝန်တွေအနေနဲ့လဲ ကလေးတွေရဲ့ အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေကို မျှတအောင် ဘယ်လို ဖြည့်တင်းပေးရမလဲဆိုတဲ့အချက်တွေကို မျှဝေပေးဖို့ အချက်အလက်တွေ အများကြီး ရှိပါတယ်” ဟု အကြံပြုချက်အသစ်ကို ပူးတွဲရေးသားသူ စတီဗင်အက်ရမ်စ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.