Connect with us

North America

ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ပြင်ပ၌ အမျိုးသမီး တစ်ဦး ငါးမန်းကိုက်ခံရ

ငါးမန်းကိုက်ခံရသူ မာရီယာ ကော့စ်မာရို့စ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လော့စ်အိန်ဂျလစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

လော့စ်အိန်ဂျလစ်မြို့၏ အရှေ့တောင်ဘက် ကမ်းရိုးတန်း ပြင်ပ၌ အမေရိကန် အမျိုးသမီး တစ်ဦး ငါးမန်းကိုက်ခံ ခဲ့ရကြောင်း မေလ ၃၁ ရက်နေ့ အထိ ဆေးရုံ၌ တက်နေရသေးကြောင်း ဆေးရုံ တာဝန်ရှိသူများက အတည်ပြု ပြောကြားလိုက်သည်။

ငါးမန်းကိုက်ခံရသူ အသက် ၅၂ နှစ်အရွယ် မာရီယာ ကော့စ်မာရို့စ်သည် ၎င်း၏ ညာလက်အား အကောင်း ပကတိ ပြန်လည်အသုံးပြုနိုင်ရန်အတွက်မူ နောက်ရက်သတ္တပတ်အထိ ဆေးရုံ၌ နေရဦးမည် ဖြစ်ကြောင်း ဆေးရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဆရာဝန်များက ပြောသည်။
ယင်း အမျိုးသမီးအား ဒေသစံတော်ချိန် ညနေ ၄း၁၅ နာရီအချိန်၌ ကမ်းခြေစောင့် လုံခြုံရေးများက တွေ့ရှိခဲ့ပြီး ၎င်းအား ပင်လယ်ထဲမှ ဆွဲတင်စဉ် သွေးများထွက်နေကြောင်း နယူးပို့ ကမ်းခြေ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာရာ ဖင်းနီဂန်က ပြောသည်။
အဆိုပါ အမျိုးသမီး ရရှိထားသော ဒဏ်ရာများမှာ ငါးမန်းကိုက်ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်းမှာ ကလေး သုံးဦး မိခင် ကော်ရိုနာ၌ နေထိုင်သည့် အေရိုဗစ်နှင့် ကိုယ်ကာယ သင်တန်းဆရာမ မာရီယာ ကော့စ်မာရို့စ် ဖြစ်ကြောင်း သိရသည်။
ကော့စ်မာရို့စ်သည် ကနေဒါနိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပမည့် Iron Man competition အတွက် ရေကူးလေ့ကျင့်နေစဉ် ကမ်းခြေမှ ကိုက် ၁၅၀ (၁၃၇ မီတာခန့်) အကွာတွင် ဤသို့ ငါးမန်းကိုက်ခံခဲ့ရခြင်း ဖြစ် သည်ဟု ဆေးရုံ တာဝန်ရှိသူများက ပြောသည်။
ထိုသို့ ငါးမန်း ကိုက်ခံရပြီးနောက် ပင်လယ်အတွင်း ရေကူးသူများအား Balboa Pier တောင်ပိုင်းမှ Crystal Cove ပြည်နယ် ကမ်းခြေအထိ သွားရောက်ခြင်းမှ ပိတ်ပင်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.