Connect with us

North America

လာမည့် နွေရာသီတွင် ဥရောပ၌ အကြမ်းဖက်မှုအန ္တရာယ်ကြုံတွေ့နိုင်ကြောင်း အမေရိကန်ခရီးသွားများအား အစိုးရသတိပေး

၂ဝ၁၆ ခုနှစ် မတ်လ ၂၂ ရက်က ဆွီဒင်နိုင်ငံ ဘရပ်ဆဲလ် လေဆိပ် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

လာမည့် နွေရာသီတွင် ဥရောပတိုက်၌ အကြမ်းဖက်မှုအန ္တရာယ်ကြုံတွေ့လာနိုင်သဖြင့် အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် အထူးသတိပြုသွားလာကြရန် အမေရိကန်အစိုးရက မေ၃၁ရက်တွင် သတိပေး တပ်လှန့်လိုက်သည်။

“ ဥရောပတိုက်မှာရှိတဲ့ ပျော်ပွဲရွှင်ပွဲကျင်ပတဲ့နေရာတွေ ၊ ခရီးသွားနေရာတွေ ၊ စားသောက်ဆိုင်တွေ ၊ စီးပွားရေးစင်တာတွေ နဲ့ပို့ဆောင်ရေးကဏ္ဍတွေမှာ ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့လာနိုင်တယ်ဆိုတာကို အမေရိကန်နိုင်ငံသားတွေကို သတိပေးချင်ပါတယ် ”ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ထို့ပြင် ၎င်းတပ်လှန့်ထားမှုကာလမှာ ၂ဝ၁၆ခုနှစ် သြဂုတ်လ ၃၁ ရက်ထိ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ်နွေရာသီတွင် ဥရောပသို့ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားဝင်ရောက်လာချိန်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားရန် အကြမ်းဖက်သမားများက စီစဉ်နေကြောင်း အထူးသဖြင့် လူအများအပြားပါဝင်ဆင်နွှဲကြမည့် အခမ်းအနားမျိုးကို အဓိက ထားတိုက်ခိုက်သွားရန် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ပြင်သစ်နိုင်ငံသည် ဇွန်လ ၁ဝ ရက် မှ ဂျူလိုင်လ ၁ဝ ရက်ထိ ဥရောပဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိနေသည်။ ပြင်သစ်အစိုးရသည် ဥရောပဖလားဘောလုံးပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း နိုင်ငံ၌ ( အရေးပေါ်အခြေအနေ) လုံခြုံရေးသတိပေးမှု အမြင့်ဆုံးအဆင့်ထုတ်ပြန်ထားသော်လည်း ဂျူလိုင် ၂ ရက် မှ ဂျူလိုင် ၂၄ ရက်ထိ Tour de France တာဝေးစက်ဘီးပြိုင်ပွဲကျင်းပရန် ရှိနေရာ အရေးပေါ်ကာလကို ဂျူလိုင် ၂၆ ရက်အထိ တိုးမြှင့် သတ်မှတ်ထားရကြောင်း သိရသည်။
“ ဥရောပတိုက်ရဲ့ဘယ်လိုနေရာမျိုးမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကျနော် နေရာအတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဥရောပမှာ ရှိတဲ့ အမေရိကန်တွေ နဲ့အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေ စိတ်ဝင်စားနေတယ်ဆိုတာကိုတော့ ကျနော်တို့ သိထားပါတယ် ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.