Connect with us

North America

ကိုစတာ ရီကာရှိ အရေးပါသော အဝေးပြေး လမ်းမကြီး ချဲ့ထွင်ရန် တရုတ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ

တိုးချဲ့မည့် ကိုစတာ ရီကာရှိ အမှတ် ၃၂ အဝေးပြေး လမ်းမကြီး တစ်နေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆန်းဂျို့စ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ကိုစတာ ရီကာနိုင်ငံရှိ အရေးပါသော အဝေးပြေး လမ်းမကြီး ချဲ့ထွင်ခြင်း လုပ်ငန်း အတွက် တရုတ်နိုင်ငံမှ China Harbor Engineering Company (CHEC) က လုပ်ကိုင်ခွင့် ရရှိထားကြောင်း ယင်း ကုမ္ပဏီက ဧပြီလ ၂၇ ရက် က ပြောကြားခဲ့သည်။

ကိုစတာ ရီကာနိုင်ငံ၏ မြို့တော် ဆန်းဂျို့မှ အရေးပါသော ဆိပ်ကမ်း အများစု တည်ရှိရာ လိုင်မွန် ဒေသသို့ ချိတ်ဆက် ထားသည့် အဓိက အဝေးပြေးလမ်းမကြီး Route 32 အား ချဲ့ထွင်ရန် CHEC အား ကိုစတာ ရီကာ နိုင်ငံရှိ Comptroller General ရုံးက ဧပြီလ ၂၇ ရက်တွင် မီးစိမ်း ပြလိုက်ခြင်း ဖြစ်သည်။
အဆိုပါ သဘောတူညီမှု အရ Route 32 အဝေးပြေး လမ်းမကြီးအား လက်ရှိ နှစ်လမ်းသွား အဖြစ်မှ လေးလမ်းသွား အဖြစ် လည်းကောင်း၊ အရှည်အားဖြင့် ၁၀၇ ကီလိုမီတာ တိုးချဲ့ပြီး ကုန်ကျစရိတ်အား တရုတ်နှင့် ကိုစတာ ရီကာ နှစ်နိုင်ငံ ပူးတွဲ ကျခံမည် ဖြစ်ကြောင်း သိရသည်။
ထို သဘောတူညီချက်အား ၂၀၁၃ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့သည်။ အဆိုပါ စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၄၆၅ သန်း ကုန်ကျမည် ဖြစ်ပြီး ၈၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ကျခံမည် ဖြစ်ကြောင်း ကိုစတာ ရီကာရှိ CHEC ရုံးခွဲ၏ အကြီးတန်း စီမံကိန်း မန်နေဂျာ ကျိုးကျင်းရှုန်က ပြောသည်။
ယင်း စီမံကိန်းသည် စီမံကိန်း ဒီဇိုင်း ရေးဆွဲရန်အတွက် ၈ လနှင့် တည်ဆောက်ရေး အတွက် ၃၄ လ၊ စုစုပေါင်း ၄၂ လ ကြာမြင့်မည် ဖြစ်သည်။
“ဒါက သတင်းကောင်း တစ်ခုပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ ဒီစီမံကိန်း ရွေးချယ်မှု လုပ်ငန်းအတွက် အချိန်အကြာကြီး ယူခဲ့ရသလို ခုနောက်ဆုံးမှာ စီမံကိန်း ဒီဇိုင်း ရေးဆွဲဖို့နဲ့ တည်ဆောက်ရေး အပိုင်းကို ရှေ့ဆက် လုပ်ဆောင် နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ကိုစတာ ရီကာ သမ္မတ Luis Guillermo Solis က ဧပြီလ ၂၆ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.