Connect with us

North America

Baltimore ရုပ်သံလွှင့်ရုံ ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးခဲ့ရ

Baltimore ရုပ်သံလွှင့်ရုံ ဗုံးခွဲရန် ကြံစည်သူကို ရဲတပ်ဖွဲ့မှ ပစ်ခတ် ဖမ်းဆီးနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် Fox 45 Baltimore တီဗွီ ရုပ်သံလွှင့် ရုံထဲသို့ လက်ပစ်ဗုံး ပစ်သွင်း၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်သူ တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီး လိုက်ပုံကို အမေရိကန် ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသခဲ့သည်။

ဝက်ဝံပုံ တစ်ဆက်တည်း ခြုံထည်ဝတ်စုံ နှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး တပ်ဆင်ထားသူသည် ရုပ်သံလွှင့်ရုံမှ ထွက်လာပြီး ရဲတပ်ဖွဲ့ဆီသို့ဦးတည်လာနေစဉ် ကင်မရာရှေ့၌ သုံးကြိမ်ထက် မနည်း အပစ်ခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းမှာ စိုးရိမ်ရသော အခြေအနေ ဖြစ်သော်လည်း အခြေအနေမှာ တည်ငြိမ်လာပြီ ဖြစ်ကြောင်းနှင့် အသက်ရှင် လိမ့်မည်ဟု မျှော်လင့်ရကြောင်း ဘာတီမို ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ T.J Smith က ဆိုသည်။

အသက် ၂၅ နှစ် အရွယ် ဗုံးခွဲရန် သံသယရှိသူသည် ဘာတီမို ဆင်ခြေဖုံး ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်းနှင့် အင်္ကျီအိတ်ထဲ ထိုးထည့်ထားသည့် ၎င်း၏ လက်ကို အပြင်ထုတ်ရန် ရဲတပ်ဖွဲ့ဝင်များ၏ အမိန့်ပေးမှုကို ငြင်းဆန်သဖြင့် ရဲအရာရှိ သုံးဦး၏ ပစ်ခတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း Smith က NBC သတင်းဌာနသို့ပြောကြားသည်။
၎င်း၏ ခန္ဓာကိုယ်အား ဗုံးရှာစက်ရုပ်ဖြင့် အချိန် တစ်နာရီကျော်ခန့်ရှာဖွေခဲ့ကြောင်း နှင့် အလူမီနီယံ သတ္တုပြားဖြင့် ပတ်ထားသော ချောကလက် သကြားလုံး ထည့်သည့် သေတ္တာလေးထဲတွင် လက်လုပ်ဗုံး အသေးတစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း Smith ကဆိုသည် ။
အဆိုပါ သံသယရှိသူသည် ရုပ်သံလွှင့်ရုံ အဝင်ဝ ကားပါကင် နေရာတွင် ဗုံးတပ်ဆင်ရန် ကြိုးပမ်းနေသဖြင့် အသံလွှင့်ရုံထဲရှိ ဝန်ထမ်းများကို ဘေးကင်းရာသို့ စောစောပိုင်း ကတည်းက ရွှေ့ပြောင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.