Connect with us

North America

ဗင်နီဇွဲလားနိုင်ငံ၌ အာဏာသိမ်းရန်ကြံစည်မှုတစ်ရပ်အားနှိမ်နင်း

ဗင်နီဇွဲလားနိုင်ငံမြို့တော်၊ ကာရာကာ့စ်မြို့ အယ်လ်တာမီရာ ခရိုင် မြင်ကွင်းကို တွေ့ ရစဉ်(အင်တာနက်)

ကာရာကာ့စ်၊ မေ ၁ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုးပက်ဇ် (Vladimir Padrino Lopez) က ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ဧပြီလ ၃၀ ရက်အစောပိုင်းကအာဏာသိမ်းရန်ကြိုးစားမှုတစ် ရပ်ကိုအောင်မြင်စွာတားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြို့တော်ကာရာကာ့စ် အတွင်းရှိ လာကာလိုတာ(La Carlota) စစ်ဘက်စခန်းကိုထိန်းချုပ်ရန် အယ်လ် တာမီရာ(Altamira) ခရိုင်၏အဓိကလမ်းမကြီးတစ်ခုအတွင်းသို့ ဝင်ရောက်လာသောပုန်ကန်သူတပ်ဖွဲ့ ဝင်များကိုထောက်လှမ်းရေးသတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကနောက်ယောင်ခံလိုက်တားဆီးခဲ့ ကြောင်း ပါဒရီနို ကပြောခဲ့သည်။၎င်းကပုန်ကန်မှုအင်အားမှာ အလွန်သေးငယ်လှပြီးဂရုပြုလောက်ဖွယ် မဟုတ်ကြောင်းလည်းပြောခဲ့သည်။

ပါဒရီနို က အာဏာသိမ်းရန်ကြိုးစားခဲ့သောတပ်ဖွဲ့များ၏ ၈၀ ရာခိုင်နှုန်းမှာလှည့်စားသိမ်းသွင်းခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းတို့အနက်အများစုမှာလည်းမိမိတို့တပ်ဖွဲ့များသို့ပြန်သွားကြပြီဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ ပြင်ပါဒရီနိုကငြိမ်းချမ်းရေးကိုပျက်ပြားစေကာပြည်သူတို့၏အေးဆေးတည်ငြိမ်မှုကိုအနှောင့်အယှက်ဖြစ် စေမည့်အကြမ်းဖက်မှုကိုနှိမ်နင်းနိုင်ခဲ့သည်ဟု ဗင်နီဇွဲလားပြည်သူများနှင့်ကမ္ဘာ့ပြည်သူများကိုအသိပေး လိုပါကြောင်းပြောကြားခဲ့သည်။

ပါဒရီနိုကအဆိုပါမအောင်မြင်သောအာဏာသိမ်းမှုကို ကာရာကာ့စ်မြို့လမ်းများပေါ်တွင်သွေးချောင်းစီး တိုက်ပွဲများဖြစ်စေရန်မျှော်မှန်း၍ အမေရိကန်ကပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်းဟုစွပ်စွဲခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.