Connect with us

North America

ဒေါ်နယ်ထရမ့် က နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ အဆင်ပြေ ချောမွေ့ ပါက ကင်ဂျုံအမ်း အား အမေရိကန် သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျံအမ်း နှင့် စင်ကာပူ နိုင်ငံ တွင် ကျင်းပပြုလုပ်မည့် နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ အဆင်ပြေ ချောမွေ့စွာ ကျင်းပပြုလုပ် နိုင်ပါက ကင်ဂျုံအမ်း အား အမေရိကန် နိုင်ငံ သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့ ၌ ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် အထက်ပါ အကြောင်းအရာ အား အလည်အပတ် ခရီးဖြင့် ရောက်ရှိနေသည့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဆိုအာဘေး နှင့် တွေ့ဆုံမှု ပြုလုပ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ တွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး မိမိ အနေဖြင့် ဤ ဖိတ်ခေါ်မှု ကို မြောက်ကိုရီးယား နိုင်ငံ မှလည်း ကြိုဆိုမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က သတင်းစာ ရှင်းလင်းပွဲ တွင် မိမိ အနေဖြင့် ကင်ဂျုံအမ်း နှင့် တွေ့ဆုံမှု တွင် အောင်မြင်မှု ရရှိမည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ထိပ်သီး ဆွေးနွေးပွဲ အတွင်း နှစ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး စာချုပ် ရေးထိုးခြင်း ပြုမပြု နှင့် ပတ်သက်၍ မေးမြန်းမှု အား ဒေါ်နယ်ထရမ့် က နှစ်နိုင်ငံ အနေဖြင့် သဘောတူညီမှု စာချုပ် ရေ;ထိုးနိုင်ဖွယ်ရှိပြီး လက်ရှိချိန်တွင် ယင်းကိစ္စရပ် နှင့် ပတ်သက်၍ ဆွေးနွေးမှု များ ဆောင်ရွက်နေကြောင်း ၊ မြောက်ကိုရီးယား နျူကလီးယား အရေး သည် ယခု ဆွေးနွေးမှု တစ်ကြိမ် ဖြင့်သာ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က မိမိ အနေဖြင့် အမေရိကန် နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အား ပုံမှန် အခြေအနေ သို့ ရောက်ရှိစေလိုပြီး ကင်ဂျုံအမ်း နှင့် တွေ့ဆုံစဉ် အတွင်း အမေရိကန် နိုင်ငံ ၏ စီးပွားရေး ပိတ်ဆို့မှု မှာ ဆက်လက် ဆောင်ရွက်နေမည် ဖြစ်သော်လည်း “အပြင်းထန်ဆုံး ဖိအားပေးမှု” ဟူသည့် အသုံးအနှုန်း ကို အသုံးပြုတော့မည် မဟုတ်ကြောင်း ၊ သို့သော် ဆွေးနွေးပွဲ အဆင်ပြေ ချောမွေ့စွာ ကျင်းပပြုလုပ် နိုင်ခြင်း မရှိခဲ့ပါက ယင်း အသုံးအနှုန်း ကို ပြန်လည် ကြားတွေ့ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း တို့သည် ဇွန်လ ၁၂ ရက်နေ့ တွင် စင်ကာပူ နိုင်ငံ Sentosa ကျွန်းပေါ်ရှိ Capella ဟိုတယ် တွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)