Connect with us

North America

ထရမ့် နှင့် ပြင်သစ်သမ္မတတို့ ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆွေးနွေးပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း (Emmanuel Macron) (ဝဲ) တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် နိုဝင်ဘာ ၂၇ ရက်က ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း (Emmanuel Macron) အား ဖုန်းဖြင့် ဆက်သွယ်ကာ ဆီးရီးယား အခြေအနေနှင့် အခြား ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ သည် ဆီးရီးယားနိုင်ငံအတွက် နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခု ရရှိစေနိုင်သည့် တစ်ခုတည်းသော ဆွေးနွေးမှုဖိုရမ်ဖြစ်သော ကုသလသမဂ္ဂအခြေပြု ဂျီနီဗာဆွေးနွေးပွဲ၏ အရေးပါပုံကို သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ဖုန်းဖြင့်ဆွေးနွေးမှုအတွင်း ထရမ့် နှင့် မက်ခရွန်းတို့သည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားလက်နက် ကင်းစင်ရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံမှ အဖွဲ့များအားလုံးသည် ကနဦးတောင်းဆိုချက်များ မပါရှိသော ဂျီနီဗာနိုင်ငံရေးဆွေးနွေးပွဲသို့ တက်ကြွစွာ ပါဝင်တက်ရောက်ကြရန် တိုက်တွန်းထားသည်။ ဂျီနီဗာငြိမ်းချမ်းရေးဆွေးနွေးဝိုင်းအား နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဆီးရီးယားအစိုးရက ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတည်ပြုချက်မပေးသေးကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများသည့် ၂၀၁၁ခုနှစ်တွင် စတင်ဖြစ်ပေါ်လာပြီး လျင်မြန်စွာပင် ပြည်တွင်းစစ်အဖြစ်ပြောင်းလဲသွားကာ နိုင်ငံအတွင်း စစ်ပွဲများကြောင့် လူ ၃၃၀,၀၀၀ကျော် သတ်ဖြတ်ခံခဲ့ရပြီး သန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.