Connect with us

North America

နယ်စပ်လုံခြုံရေးမြှင့်တင်ရန် ထရမ့်က သမ္မတအမိန့်၂ခုအား လက်မှတ်ရေးထိုး

နယ်စပ်လုံခြုံရေးမြှင့်တင်ရန် ထရမ့်က သမ္မတအမိန့်၂ခုအား လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ပြည်တွင်းလုံခြုံရေးဋ္ဌာန ၌ ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းမတိုင်မီ နယ်စပ်လုံခြုံရေးမြှင့်တင်ရန်အတွက် သမ္မတ အမိန့် ၂ခုအား ဇန်နဝါရီ ၂၅ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး Sean Spicer က ပထမ သမ္မတအမိန့် သည် နယ်စပ်လုံခြုံရေး နှင့် လူဝင်မှုကြီးကြပ်ရေး ပိုမိုတိုးတက်လာစေရန်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းနယ်စပ်တွင် ကြီးမားသည့် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ တည်ဆောက်သွားမည့် ပထမဆုံးအမိန့်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ထရမ့်က နံရံတည်ဆောက်မှုစီမံကိန်းအား တတ်နိုင်သလောက် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ငွေကြေးအား ဝါရှင်တန်မှ စိုက်ထုတ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက် အစောပိုင်းတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ထပ်လောင်းပြောကြားခဲ့သော်လည်း မက္ကဆီကိုနိုင်ငံအနေဖြင့် နောက်ပိုင်းတွင် နံရံတည်ဆောက်မှု ကုန်ကျစရိတ်အား ၁၀၀ရာခိုင်နှုန်း ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း ပါရှိသည်။

မိုင် ၂၀၀၀ (၃၂၀၀ကီလိုမီတာ) နီးပါး ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နံရံများတည်ဆောက်ရန် ခန့်မှန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၈ဘီလီယံ မှ ၂၅ဘီလီယံ ဒေါ်လာ အထိဖြစ်နိုင်ကြောင်း သိရသည်။ နယ်စပ်၏ အချို့နေရာများတွင် ယခင်ထားရှိခဲ့သော အတားအဆီးများ ပုံစံမျိုးစုံဖြင့် တည်ရှိနေပြီး နယ်စပ်ဧရိယာအများစုသည် လူနေထိုင်ရန် ခက်ခဲသော ကျက်တီးလွင်ပြင်များကို ဖြတ်ကျော်ထားခြင်းဖြစ်ကြောင်း သိရသည်။

Spicer က ဒုတိယအမိန့်သည် အမေရိကန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို တိုးမြှင့်ရန် ဖြစ်ကြောင်း နှင့် ဖယ်ဒရယ်အေဂျင်စီများက ဆင်ခြေပေးခွင့်မပြုဘဲ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမိန့်သစ်တွင် ပါရှိသော “ဖမ်းဆီးခြင်း နှင့် ပြန်လွှတ်ခြင်း” မူဝါဒအရ တရားမဝင် ဝင်ရောက်လာသူများအား ကြာရှည်စွာထိန်းသိမ်းထားမည်မဟုတ်ဘဲ မက္ကဆီကိုနိုင်ငံသို့ အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် တရားမဝင်ရွှေ့ပြောင်းလာသူများအား ပြန်ပို့ခြင်းရာ၌ လက်ခံရန် ငြင်းပယ်သည့်နိုင်ငံများအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်သည်။

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် ပတ်သက်၍ ဥပဒေများ တင်းကျပ်လိုက်ခြင်းသည် ထရမ့်၏ မဲဆွယ်မှုများအနက် အဓိကအကြောင်းအရာတစ်ခုဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူများပြားလာမှုရောက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာမည်ကိုစိုးရိမ်နေသော လူထု၏ ထောက်ခံမဲကို အများဆုံး ဆွဲဆောင်နိုင်ခဲ့သည့် အချက်တစ်ခုလည်းဖြစ်သည်။

ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစ၍ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ရန် သမ္မတ အမိန့်အား လက်မှတ်ထိုးခဲ့ခြင်း နှင့် အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြစ်သော Obamacare အား ရီပက်ဘလစ်ကန်ပါတီက ထိန်းချုပ်ထားသော ကွန်ဂရက်က ပယ်ဖျက်ခြင်းနှင့် အစားထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.