Connect with us

North America

ဒေါ်နယ်ထရမ့် က ရုရှား နိုင်ငံ အပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှု ကို ဆောင်ရွက်နိုင်ခြေရှိကြောင်း အိမ်ဖြူတော် က ထုတ်ပြန်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ၄င်း၏ မြေးများနှင့် အတူ လမ်းလျှောက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် က တာဝန်ရှိသူတစ်ဦး က ဇူလိုင်လ ၂၈ ရက်နေ့၌ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် လွှတ်တော်မှ ရုရှား ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် ဆောင်ရွက်မည့် အရေးယူ ပိတ်ဆို့မှု ကို ငြင်းဆန် နိုင်ခြေရှိပြီး ရုရှား နိုင်ငံအပေါ် ပိုမို ပြင်းထန်သည့် အရေးယူပိတ်ဆို့မှု ကို ရှာဖွေသွားနိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အောက်လွှတ်တော် က ဇူလိုင်လ ၂၅ ရက်နေ့၌ ထောက်ခံမဲ ၄၁၉ မဲ ၊ ကန့်ကွက်မဲ ၃ မဲ ဖြင့် ရုရှား ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မည် အဆိုကို အတည်ပြုနိုင်ခဲ့သည်။ အဆိုပြုချက်အရ အမေရိကန် နိုင်ငံ သည် ရုရှား နိုင်ငံအား ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ပါဝင်ပတ်သက်မှု နှင့် ယူကရိန်းအရေး စသည့် အကြောင်းပြချက် တို့ဖြင့် ရုရှား နိုင်ငံ သက်ဆိုင်ရာ လူပုဂ္ဂိုလ် များအပေါ် အရေးယူ ပိတ်ဆို့မှု များဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံ သို့အား တာဝေးပစ် ဒုံးကျည် စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ယင်းအဆိုပြုချက်တွင် လွှတ်တော် အနေဖြင့် အမေရိကန် နိုင်ငံ သမ္မတ မှ ရုရှား နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု ပယ်ဖျက်ပိုင်ခွင့် ကို တားမြစ် နိုင်သည့် အာဏာ ပိုင်ဆိုင်သည် ဟု ပါဝင် ခဲ့ကြောင်း ၊ သက်ဆိုင်ရာ လုပ်ငန်းစဉ် များအရ အဆိုပြုချက် ကို အထက်လွှတ်တော် သို့ စစ်ဆေးရန် တင်သွင်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း ပိတ်ဆို့အရေးယူမှု အဆိုပြုချက် နှင့် ပတ်သက်၍ ရုရှား နိုင်ငံ သမ္မတ နှင့် အီရန် နိုင်ငံ သမ္မတ တို့က အမေရိကန် နိုင်ငံ ၏ အရေးယူ ပိတ်ဆို့မှု အပေါ် တုံ့ပြန်ဆောင်ရွက်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.