Connect with us

North America

အမေရိကန် သံတမန်ရေးရာ ဝန်ထမ်း ရုရှား လျှော့ချမည်

အမေရိကန် အထက်လွှတ်တော် ကျင်းပနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ရေးရာ ဝန်ထမ်း အရေအတွက်အား ၄၅၅ ဦးသို့ လျှော့ချမည် ဖြစ်ကြောင်း၊ မော်စကိုရှိ အမေရိကန် နေအိမ် တစ်လုံးနှင့် ဂိုဒေါင် တစ်လုံးအား သိမ်းဆည်းမည် ဖြစ်ကြောင်းနှင့် ယင်းသည် ရုရှား ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် လက်တုန့်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ယနေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြောကြားလိုက်သည်။

ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယား စသည့် နိုင်ငံများအား ဒဏ်ခတ် ပိတ်ဆို့မှုအသစ် ချမှတ်ရန် မူကြမ်းကို ဇူလိုင်လ ၂၇ ရက်က အမေရိကန်နိုင်ငံ အထက်လွှတ်တော်က အများစု သဘောတူညီချက်ဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် သမ္မတက အတည်ပြုခြင်း သို့မဟုတ် ဗီတို အာဏာဖြင့် ပယ်ဖျက်ခြင်း စသည့် ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.