Connect with us

North America

ဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန် နိုင်ငံ ၏ စတော့ရှယ်ယာ ရောင်းဝယ်ရေး ကော်မတီ ဥက္ကဋ္ဌ အား ရွေးချယ်

အမေရိကန် နိုင်ငံ ရှိ စတော့ရှယ်ယာ ရောင်းဝယ်ရေး စင်တာ တစ်ခုအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၏ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် သည် Sullivan and Cromwell ရှေ့နေဝန်ဆောင်မှု ကုမ္ပဏီ ၏ ရှေ့နေ နှင့် ဒါရိုက်တာ ဖြစ်သည့် Jay Clayton အား အမေရိကန် နိုင်ငံ စတော့ရှယ်ယာ ရောင်းဝယ်ရေး ကော်မတီ ဥက္ကဋ္ဌ ရာထူး အား ထမ်းဆောင်ရန် ရွေးချယ်ခဲ့ပြီး ဖက်ဒရယ် စောင့်ကြည့်ထိန်းချုပ်ရေး ကို လျှော့ချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က Clayton သည် ငွေကြေးစောင့်ကြည့်ထိန်းချုပ်မှု ဆိုင်ရာ ဥပဒေတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး ၎င်းအနေဖြင့် ငွေကြေးအဖွဲ့အစည်း အား ဖွံ့ဖြိုးတိုးတက်ရန် နှင့် အလုပ်အကိုင်ဖန်တီးရန် တို့ကို သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ အမေရိကန် လုပ်ငန်း ကုမ္ပဏီ များအား အနှောက်အယှက် ဖြစ်စေသည့် ရင်းနှီးမြှုပ်နှံ ဆိုင်ရာ ထိန်းချုပ်မှု သတ်မှတ်ချက်များကို ပယ်ဖျက်သွားမည် ဖြစ်ပြီး ငွေကြေးဆိုင်ရာ လုပ်ငန်း စောင့်ကြည့်ထိန်းချုပ်ခြင်း များကို ပြန်လည် ပြုပြင်သွားမည် ဖြစ်ပြီး အမေရိကန် အလုပ်သမား များကို ထိခိုက်မှု မရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် မီဒီယာ များ၏ ဖော်ပြချက်အရ Clayton သည် Mergers and acquisitions (M&A) ရောင်းဝယ်ခြင်း ၊ ဈေးကွက်တင်၍ ငွေကြေး စုဆောင်းရှာဖွေခြင်း နှင့် စောင့်ကြည့်ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်း စသည့် တို့တွင် များပြားသည့် အတွေ့အကြုံများ ရှိခဲ့သူ ဖြစ်ပြီး Alibaba လုပ်ငန်း ကုမ္ပဏီ ၏ ဈေးကွက်တင်ခြင်း လုပ်ငန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လေ့လာသုံးသပ်သူများက ဒေါ်နယ်ထရမ့် အနေဖြင့် ငွေကြေးဈေးကွက် ဖြစ်သည့် Wall Street မှ ရှေ့နေတစ်ဦးအား အမေရိကန် စတော့ရှယ်ယာ ရောင်းဝယ်ရေး ကော်မတီ ဥက္ကဋ္ဌ ရာထူးအား တာဝန်ယူစေခြင်းသည် စတော့ရှယ်ယာ ရောင်းဝယ်ရေး ကော်မတီ ၏ အဓိက လုပ်ငန်း ဆောင်ရွက်မှု အား စောင့်ကြည့်ထိန်းချုပ် ဆောင်ရွက်ခြင်း မှ ရင်းနှီးငွေ ဖြစ်တည်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တွန်းအား ပေးရေး သို့ပြောင်းလဲ သွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ သို့သော် အမေရိကန် လွှတ်တော် ကိုယ်စားလှယ် အချို့အနေဖြင့် Clayton သည် Wall Street လုပ်ငန်း ကုမ္ပဏီ များ၏ အကျိုးစီးပွားကိုသာ ဦးစားပေးပြီး သာမန်ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှု မည်ကို စိုးရိမ်ကြောင်း ပြောကြား ခဲ့သည်။

Clayton အား ရွေးချယ်ခြင်းသည် အမေရိကန် အထက်လွှတ်တော်၏ အတည်ပြုမှု ရရှိမှသာ တရားဝင်ခြင်း ရှိမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.