Connect with us

North America

အမေရိကန် နိုင်ငံ စစ်တပ် က အာဖဂန်နစ္စတန် နိုင်ငံ သို့ တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် တိုးမြှင့်ရန် စီစဉ်

အာဖဂန်နစ္စတန် နိုင်ငံ ရှိ အမေရိကန် နိုင်ငံ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး James Mattis က စက်တင်ဘာ ၁၈ ရက်နေ့၌ အမေရိကန် နိုင်ငံ စစ်တပ် က အာဖဂန်နစ္စတန် နိုင်ငံ သို့ တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် တိုးမြှင့်စေလွှတ်ပြီး အာဖဂန်နစ္စတန် အစိုးရ တပ်ဖွဲ့ ၏ တိုက်ခိုက်မှု စွမ်းရည် ကို မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ တွင် James Mattis က အာဖဂန်နစ္စတန် သို့ စေလွှတ်မည့် တပ်ဖွဲ့ဝင် ဦးရေ နှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ၃၀၀၀ ကျော်မည် ဟုသာ ပြောကြားခဲ့ကာ တပ်ဖွဲ့ဝင် များအနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ သို့ သွားရောက်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သြဂုတ်လ ၂၁ ရက်နေ့၌ အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ စစ်ရေးဗျူဟာ အသစ် ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန် နိုင်ငံ တပ်ဖွဲ့ အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ မှ ထွက်ခွာမည် မဟုတ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် စစ်မြေပြင် အခြေအနေ အရ စစ်အင်အား အပြောင်းအရွှေ့ များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် စစ်အင်အား တိုးမြှင့်မည် ဖြစ်ကြောင်း မကြေညာမီ အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အာဖဂန်နစ္စတန် နိုင်ငံ တွင် အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၁,၀၀၀ ခန့်ရှိကြောင်း ကြေညာထားသည်။ ယင်းအရေအတွက် သည် ယင်ခင်ကြေညာထားသည့် ၈,၄၀၀ ဦးထက် လွန်စွာ များပြားခဲ့သော်လည်း အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန က ယင်းအရေအတွက် သည် အာဖဂန်နစ္စတန် နိုင်ငံ သို့ ခေတ္တသွားရောက်သည့် တပ်ဖွဲ့ဝင် လည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.