Connect with us

North America

ဆီးရီးယားအငြင်းပွားမှုဖြစ်ပွားပြီးနောက် မြောက်ကိုရီးယား နှင့် ဆီးရီးယား အကြပ်အတည်းကိစ္စရပ်များအပေါ် ထရမ့် နှင့် ပူတင် ပထမဆုံးအကြိမ်ဖုန်းဆက်ဆွေးနွေး

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင်တို့သည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် ဆီးရီးယား အကြပ်အတည်းကိစ္စရပ်များအပေါ် ဖုန်းဆက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က မေလ ၂ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပျက်နေသော “ အလွန်အန္တရာယ်ကြီးမားသော အခြေအနေ” ကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဆွေးနွေးမှုက သိပ်ကိုကောင်းပါတယ်။ လုံခြုံရေး (သို့မဟုတ်) အပြင်းအထန်ထိပ်တိုက်တွေ့ဆုံနေမှုကို လျှော့ချဖို့ အပါအဝင် လူသားချင်းစာနာမှုအတွက် ငြိမ်းချမ်းမှုအားနည်းနေတဲ့ နေရာတွေမှာ ဇုန်တွေကို ဖော်ဆောင်ဖို့နဲ့အခြား အကြောင်းချင်းအရာများစွာကို ဆွေးနွေးခဲ့ပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး ၊ အရှေ့အလယ်ပိုင်းတစ်လျှောက်ဖြစ်ပွားနေသော အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို “ အတူတကွ လုပ်ဆောင်သွားဖို့” ကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မေလ ၃ ရက် မှ ၄ ရက်ထိ ကာဇက်စတန်နိုင်ငံ Astana မြို့၌ ကျင်းပမည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့အမေရိကန်နိုင်ငံက ကိုယ်စားလှယ်စေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ယခုဖုန်းဆက်ဆွေးနွေးမှုသည် ပြီးခဲ့သော လတွင် ဆီးရီးယားအစိုးရအား အမေရိကန်လေတပ်မှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အချိန်နောက်ပိုင်း ထရမ့် နှင့် ပူတင်အကြား ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေးမှုဖြစ်သည်။

ဆီးရီးယား အစိုးရ က သူပုန်များထိန်းချုပ်ထားသည့် Khan Sheikhoun မြို့ အား ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားစစ်တပ် ၏ လေတပ်စခန်းအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၆ ရက်တွင် အမိန့်ပေးခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ကျူးကျော်မှုတစ်ခုသာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံသတင်းဌာကဖော်ပြခဲ့ပြီး ဆီးရီးယား နှင့် ရုရှား နှစ်နိုင်ငံစလုံးကမူ ဆီးရီးယားအစိုးရ အနေဖြင့် ဓာတုလက်နက်များ အသုံးပြုခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

ဆီးရီးယားအစိုးရအပေါ် အမေရိကန်၏ တိုက်ခိုက်မှုမှာ နိုင်ငံတကာဥပဒေ ကိုချိုးဖောက်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအား ကျူးကျော်ရန်စခြင်းပင်ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြစ်တင် ရှုတ်ချခဲ့သည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ဧပြီလအတွင်း သတင်းသမားများ နှင့်တွေ့ဆုံစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး လုံးဝမရှိကြောင်း နှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးသည်လည်း မည်သည့်အချိန်မဆို နိမ့်ကျနေနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.