Connect with us

North America

မြောက်ကာရိုလိုင်းနားတက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ၂ ဦးသေ ၊ ၄ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte ရှိ မြောက်ကာရိုလိုင်းနားတက္ကသိုလ်ပရဝဏ်အတွင်း ဧပြီ ၃ဝ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာ WSOC က သတင်းဖော်ပြခဲ့သည်။

သေနတ်သမားကို ဖမ်းဆီးချုပ်နှောင်ထားပြီဖြစ်ကြောင်း နှင့် ကျောင်းပရဝဏ်ကို ပိတ်ထားကြောင်း ဒေသဆိုင်ရာမီဒီယာများက သတင်းဖော်ပြခဲ့သည်။ အခြားသံသယတရားခံများ ရှိမရှိကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ပစ်ခတ်မှုမှာ ကနေဒီအဆောင်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တက္ကသိုလ်တွစ်တာလူမှုကွန်ရက်တွင် အစောပိုင်းက ရေးသားထားသည်။

“ ပြေး ၊ ပုန်း ၊ ပစ်နေပြီ။ ကိုယ့်ကိုယ်ကို ချက်ချင်းဘေးကင်းအောင်နေကြ” ဟူ၍ တက္ကသိုလ်၏ အရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့က တွစ်တာတွင်ရေးသားခဲ့သည်။

တက္ကသိုလ်၏ဘောလုံးကွင်းထဲတွင် ဧပြီ ၃ဝ ရက် ညပိုင်း၌ ဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.