Connect with us

North America

ဗြိတိန်လေပိုင်နက်အတွင်းသို့ ဦးတည်ပျံသန်းလာသည့် ရုရှားဗုံးကြဲလေယာဉ်များအား ကြားဖြတ်တားဆီးခဲ့ရ

ဗြိတိန်တော်ဝင် လေတပ် (RAF) ၏ တိုင်ဖုန်းဂျက်တိုက်လေယာဉ် များကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လေပိုင်နက်အတွင်း သို့ တရားမဝင် ဦးတည်ပျံသန်းလာသည့် ရုရှားဗုံးကြဲလေယာဉ် နှစ်စီးအား ကြားဖြတ်တားဆီးရန် ဗြိတိန်တော်ဝင် လေတပ် (RAF) ၏ တိုင်ဖုန်းဂျက်တိုက်လေယာဉ် များကို အလျင်အမြန် စေလွှတ်ခဲ့ရကြောင်း သိရသည်။

ရုရှား Tupolev TU 160 လေယာဉ်များသည် ဗြိတိန်နိုင်ငံ၏ ပိုင်နက်သို့ ဦးတည် ပျံသန်း ခဲ့သော်လည်း လေပိုင်နက် အတွင်းသို့ ဝင်ရောက်လာခြင်းမရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောရေးဆိုခွင့်ရှိသူ ၏ ပြောကြားချက်ကို ကိုးကား၍ British Sky News ကဖော်ပြခဲ့သည်။

တိုင်ဖုန်းစစ်လေယာဉ်များအား Lincolnshire ရှိ RAF Coningsby စစ်စခန်းမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ရုရှားဗုံးကြဲလေယာဉ် နှစ်စီးအား မြောက်ပိုင်းပင်လယ် ၏ တောင်ဖက်အတိုင်း လိုက်လံစောင့်ကြည့်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ဗြိတိန်အစိုးရက ၎င်းတို့၏ လေပိုင်နက်သည် ကမ်းရိုးတန်းမှ ၁၂မိုင်အကွာအဝေးအထိ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်တွင်လည်း RAF စစ်လေယာဉ်များအား ရုရှားဂျက်လေယာဉ်များကို ကြားဖြတ်တားဆီးရန် အကြိမ်ကြိမ်စေလွှတ်ခဲ့ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.