Connect with us

North America

အမေရိကန် ဆေးဝါး ထုတ်လုပ်ရေး တစ်ခုက ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးအား ကြွက်တွင် စမ်းသပ် အောင်မြင်ကြောင်း ကြေညာ

အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးရား ပြည်နယ် အခြေစိုက် Inovio ကုမ္ပဏီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် အခြေစိုက် အသေးစား ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း တစ်ခုဖြစ်သည့် Inovio Pharmaceuticals က စမ်းသပ်ဆဲ ဖြစ်သည့် ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး အား ကြွက်များ၌ စမ်းသပ်ခဲ့ရာ ၎င်းတို့၏ ကိုယ်ခံအား တုန့်ပြန်မှု သည် ပိုမို ကြာရှည် ကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ရသည်။

Inovio က လာမည့် စမ်းသပ်ချက်အား လူသားမဟုတ်သည့် ပရိုင်းမိတ် မျိုးစိတ်များတွင် လူသားများ၌ မစမ်းသပ်ခင် အစပျိုး အဆင့်အဖြစ် ပြုလုပ်သွားမည် ဖြစ်ပြီး လူသားများနှင့် စမ်းသပ်မှုကိုမူ ၂၀၁၆ ခုနှစ် မကုန်ခင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ပန်ဆယ်လ် ဗေးနီးရား ပြည်နယ် အခြေစိုက် Inovio ကုမ္ပဏီ သည် ကာကွယ်ဆေးအား ပညာရပ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သူများနှင့် တောင်ကိုရီးယားနိုင်ငံ (ROK) မှ GeneOne Life Sciences တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး က လွန်ခဲသည့် တစ်ပတ်အတွင်း ဇီကာဗိုင်းရပ်နှင့် ပတ်သက်၍ ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီ ၁၅ ခု ရှိခဲ့သော်လည်း အဖွဲ့အစည်းက ယင်းကာကွယ်ဆေးများသည် အကြီးစား စမ်းသပ်မှုများနှင့် အနည်းဆုံး ၁၈ လ ကွာဝေးရမည်ဟု သတိပေးထားကြောင်း ပြောကြားခဲ့သည်။ (Xihnua)