Connect with us

North America

မက္ကဆီကို ပိုက်လိုင်းပေါက်ကွဲမှု သေဆုံးသူ ၉၃ဦးအထိ မြင့်တက်လာ

မက္ကဆီကိုနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ဟီဒဲလ်ဂိုပြည်နယ် တွင် ဇန်နဝါရီ ၁၈ ရက် က ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ၉၃ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Jorge Alcocer က ဇန်နဝါရီ ၂၂ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူအရေအတွက်မြင့်တက်လာခြင်းသည် တစ်ဦးချင်းစီတွင်ရရှိခဲ့သော ပြင်းထန်သည့် မီးလောင်ဒဏ်ရာများကြောင့် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ Alcocer ပြောကြားခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲသို့ မက္ကဆီကိုနိုင်ငံသမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆေးရုံသို့တက်ရောက်နေသော အခြားသူ ၄၆ဦးအနက် တစ်ဦးမှာအခြေအနေစိုးရိမ်ရကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

Tlahuelilpan မြို့နယ် ဆန်ပရီမစ်တီဗိုရပ်ကွက်ရှိ ပိုက်လိုင်းနေရာတစ်ခုတွင် ဒေသစံတော်ချိန် ည ရး၀၀ နာရီဝန်းကျင်က လောင်စာဆီယိုစိမ့်ခြင်းကို လူအများစုဝေးသယ်ယူနေကြစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံအစိုးရ၏ ပြောကြားချက်အရ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ယိုစိမ့်နေသော လောင်စာဆီများကို ပုံးများဖြင့် ခပ်ယူရန် လူ ၆၀၀ နှင့် ၈၀၀ အကြား စုဝေးရောက်ရှိနေကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ သမ္မတ လိုပက်ဇ် အိုဘရာဒေါ က ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖမ်းဆီးအရေးယူနိုင်ရန် နိုင်ငံတော်ရှေ့နေချုပ်ရုံး (FGR) က ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ယခုပေါက်ကွဲမှုသည် မက္ကဆီကိုနိုင်ငံ အတွင်း မကြာသေးမီကဖြစ်ပွားခဲ့သော ဓါတ်ငွေ့ပေါက်ကွဲမှုများအနက် အဆိုးရွားဆုံးတစ်ခုဖြစ်ကြောင်း သိရသည်။

၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်တွင် ရေနံပိုက်လိုင်း ၂ခု ပေါက်ကွဲမှုကြောင့် လူ ၃၀ဦးသေဆုံးပြီး အခြားလူ ၅၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.