Connect with us

North America

ကနဒေါနိုင်ငံတွင် ကားစီးရေ ၅၀ တင်ဆောင်လာသောရထား လမ်းချော်ကျမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ကနေဒါနိုင်ငံတွင် ဇန်နဝါရီလ ၂၂ ရက်က ရထားတွဲချော်ကျမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဆက်စ်ကာတွန် (Saskatoon) မြို့ မြောက်ပိုင်းတွင် ကားစီးရေ ၅၀ တင်ဆောင်လာသော ရထားတစ်စင်း ဇန်နဝါရီလ ၂၂ ရက်က လမ်းချော်ကာ မီးလောင်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း CTV သတင်းအရ သိရသည်။

အမှတ် ၁၁ ကနေဒါ အဝေးပြေးလမ်းမကြီးနှင့် Wanuskewin လမ်းဆုံအနီးတွင် ရထားပေါ်ရှိ ကားစီးရေ ၅၀ အနက် ၃၀ မှာ လမ်းချော်ကျကာ မီးလောင်ပြီး မီးခိုးများထွက်နေသည်ကို ဗီဒီယိုပြကွက်တစ်ခုတွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားရာ လမ်းမများအနက် တစ်ခု၌ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။

အဆိုပါ ဖြစ်ရပ်၌ အန္တရာယ်ရှိပစ္စည်းများ မပါဝင်သည့်အတွက် အများပြည်သူများအား အန္တရာယ်မဖြစ်စေကြောင်း၊ ဒဏ်ရာရသူများလည်း မရှိကြောင်း ကနေဒါနိုင်ငံ အမျိုးသား ရထားလုပ်ငန်းက ကြေညာချက်တွင် ဖော်ပြထားသည်။

ရထားတွဲချော်ရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.