Connect with us

North America

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပေါလ်ရိုင်းအား ရီပက်ဘလစ်ကန် အမတ်များ အဆိုပြု

အမေရိကန် အောက်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် Wisconsin ပြည်နယ်မှ ရီပတ်ဘလစ်ကန် အမတ် ပေါလ်ရိုင်းအား ခန့်အပ်ရန် အမေရိကန် အောက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် အမတ်များက အောက်တိုဘာ ၂၈ ရက်က အဆိုပြု လိုက်သည်။

အသက် ၄၅ နှစ်အရွယ် ရိုင်းသည် လက်ရှိတွင် ရီပတ်ဘလစ်ကန် အမတ် ၂၄၇ ၏ ထောက်ခံမှု ရရှိထားပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမတ်နေရာ ၄၃၅ နေရာရှိသော အောက်လွှတ်တော်တွင် ပြန်လည်ရွေးကောက်ခံရန် လိုအပ်နေပါသေးသည်။

ရိုင်းသည် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရရန်အတွက် အနည်းဆုံး ထောက်ခံမဲ ၂၁၈ မဲ ရရှိရရန် လိုအပ်မည် ဖြစ်သည်။ အကယ်၍ ရိုင်းအနေဖြင့် ရွေးကောက်ခံရမည်ဆိုလျှင် အမေရိကန် သမိုင်းတွင် အသက်အငယ်ဆုံး လွတ်တော် ဥက္ကဋ္ဌ ဖြစ်လာမည် ဖြစ်သည်။

အောက်တိုဘာလ အစောပိုင်းတွင် မကြာမီ တာဝန်မှ ထွက်ခွာမည့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနား၏ နေရာအတွက် အစားထိုးရန် အောက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ကီဗင် မက်ကာတီ၏ ကြိုးစား မှုမှာ ရုတ်တရက် မအောင်မမြင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ရီပတ်ဘလစ်ပါတီ၏ ခေါင်းဆောင်မှုကို အတားအဆီး အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

ပထမ အဆိုပြုချက် ငြင်းပယ်ခံရပြီးနောက် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတုန်းက ရီပတ်ဘလစ်ကန်ပါတီ၏ ဒုတိယ သမ္မတ လောင်း အဖြစ်လျာထားခံခဲ့ရသူ ပေါလ်ရိုင်းအား အဆိုပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)