Connect with us

North America

သဲပေါ်တွင် လမ်းလျှောက်နို်င်အောင် သရီးဒီဖြင့် ပုံဖော်ထားသော ခြေထောက် လေးချောင်းတပ် စက်ရုပ်

ခြေထောက် လေးချောင်းတပ် စက်ရုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလစ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

သဲများနှင့် ကျောက်စရစ်ခဲများကဲ့သို့ ကြမ်းတမ်းသော မျက်နှာပြင်များပေါ်၌ လမ်းလျှောက်နိုင်စွမ်းရှိသော ခြေထောက် လေးချောင်းပါသည့် စက်ရုပ် တစ်ရုပ်ကို အမေရိကန် အင်ဂျင်နီယာများက တီထွင် ထုတ်လုပ်လိုက်ကြောင်း သိရသည်။

University of California San Diego (UCSD) ၏ စက်မှုအင်ဂျင်နီယာ ပါမောက္ခ မိုက်ကယ်တော်လီ ဦးဆောင်သော သုတေသီများက စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် IEE International Conference on Robotics and Automation ၌ အဆိုပါ စက်ရုပ်ကို ပြသသွားမည် ဖြစ်သည်။

နူးညံ့သော ခြေထောက်တပ်ထားသည့် ထို စက်ရုပ်သည် အန္တရာယ်ရှိသော သဘာဝပတ်ဝန်းကျင် အနေအထားများကို အာရုံခံနိုင်စွမ်းရှိခြင်း သို့မဟုတ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

UCSD ၏ အဆိုအရ စက်ရုပ်၏ ခြေထောက်နေရာတွင် ရာဘာကဲ့သို့ ပစ္စည်းများကို သရီးဒီ ပုံစံထုတ်ကာ တြိဂံ ပုံသဏ္ဍာန် လေအိတ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ လေအိတ်များသည် အတွင်း၌ အပေါက်ဖြစ်နေသဖြင့် ဖောင်းကြွ ဖြစ်နေသလို အပြင်ဘက်တွင်မူ ကျယ်လောင်သည့် အသံဖြင့် သွားမည် ဖြစ်ကြောင်း၊ ယင်းမှာ စက်ရုပ်၏ သွားလာ လှုပ်ရှားမှုများကို ထိန်းချုပ်မှု ပိုကောင်းစေရန် ထည့်သွင်းထားခြင်း ဖြစ်သည်။

ယခုလို စက်ရုပ် ထုတ်လုပ်မည့် အကြံဉာဏ်မှာ သဘာဝတရားက ရခြင်း ဖြစ်ကြောင်း၊ သဘာဝတရားက ကုန်ကျစရိတ်အလွန် နည်းပါးကြောင်း၊ သရီးဒီ ပရင်တာကဲ့သို့ နည်းပညာများနှင့် ထုတ်လုပ်မှုအသစ်တွေကို အသုံးပြုပြီး စက်ရုပ် တီထွင်အသုံးချမှုပညာအဖြစ် ပြောင်းလဲပေးရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း စက်မှုအင်ဂျင်နီယာ ပါမောက္ခ မိုက်ကယ်တော်လီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.